သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓနသဟာယ အားကစားပွဲတော် ပြင်ဆင်စရာတွေ အများကြီး ရှိနေဆဲ


ဓနသဟာယ အားကစားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စကော့တလန် အားကစားအဖွဲ့ အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာစဉ်။ စက်တင်ဘာ ၂၆၊ ၂၀၁၀။
ဓနသဟာယ အားကစားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စကော့တလန် အားကစားအဖွဲ့ အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာစဉ်။ စက်တင်ဘာ ၂၆၊ ၂၀၁၀။

အောက်တိုဘာလ ၃ ရက်နေ့မှာ စမယ့် နိုင်ငံတကာ အားကစားပွဲ မစမီမှာ လုပ်စရာတွေ အများကြီး ရှိနေကြောင်း ဓနသဟာယ အားကစားပွဲ ကျင်းပရေးအဖွဲ့ ဥက္ကဋ္ဌ မိုက်ကယ်လ် ဖန်နဲလ် (Michael Fennell) က အိန္ဒိယနိုင်ငံရဲ့ မြို့တော်မှာ စနေနေ့က ပြောပါတယ်။

ဓနသဟာယအဖွဲ့ အားကစားပြိုင်ပွဲ ပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံဟာ အကြီးအကျယ် ဝေဖန်ခံနေရပါတယ်။ အထူးသဖြင့် အားကစားသမားတွေ နေထိုင်ကြမယ့် အားကစားရွာမှာ ညစ်ပတ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဝေဖန်နေကြတာ ဖြစ်ပါတယ်။

အားကစားရွာကို နေထိုင်လို့ရအောင် ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) က မကြာမီကပဲ သန့်ရှင်းရေး လုပ်သားတွေကို စေလွှတ်ခဲ့ရပါတယ်။

မသန့်ရှင်းတဲ့ နေရာတွေ၊ ဆောက်လုပ်ရေးလုပ်ငန်း ပျက်စီးတာတွေ၊ တုပ်ကွေးရောဂါ ဖြစ်ပွားလာတာတွေနဲ့ လုံခြုံရေး ပြဿနာတွေကြောင့် အိန္ဒိယနိုင်ငံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရွေးချယ်ခဲ့တာအပေါ် မေးခွန်းထုတ်လာခဲ့တာတွေ ရှိခဲ့ပြီးတဲ့နောက် မိုက်ကယ်လ် ဖန်နဲလ်ဟာ နယူးဒေလီကို ထွက်လာခဲ့ရတာပါ။

ဒီလို ပြဿနာတွေ တက်နေပေမဲ့ ဓနသဟာယ အဖွဲ့ဝင် ယခင် ဗြိတိသျှပိုင် ပိုင်နက်နယ်မြေတွေနဲ့ နိုင်ငံ ၇၁ နိုင်ငံဟာ အားကစားပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG