သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓနသဟာယ အားကစားပွဲ မျောက်တွေ နှောက်ယှက်ဖွယ်ရှိ


ဓနသဟာယ အားကစားပွဲ မျောက်တွေ နှောက်ယှက်ဖွယ်ရှိ
ဓနသဟာယ အားကစားပွဲ မျောက်တွေ နှောက်ယှက်ဖွယ်ရှိ

အိန္ဒိယနိုင်ငံက ဓနသဟာယ အားကစားပွဲတော်ကို မျောက်ရိုင်းတွေက အနှောက်အယှက်ပေးမယ့် အန္တရာယ်က အကာအကွယ် ပေးသွားဖို့ သာမန်မျောက်တွေထက် အကောင်ကြီးပြီး ကြမ်းတဲ့ မျောက်အမျိုးအစားတွေကို အစောင့်အကြပ် ချထားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

မျောက်ရိုင်းတွေကို တားဆီးဖို့အတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် နယူးဒေလီမြို့က အားကစားပွဲ ကျင်းပရာနေရာ အတော်များများမှာ Langur အမျိုးအစား မျောက်ကြီး ၁၀ ကောင်နဲ့ မျောက်ထိန်းတွေကို တာဝန်ပေးထားမယ်လို့ လုံခြုံရေး အရာရှိတွေက ဗုဒ္ဓဟူးနေ့ကပဲ ပြောဆိုလိုက်တာပါ။

တနင်္ဂနွေနေ့ အားကစားပွဲတွေ စတဲ့အခါ ဒီလိုမျောက်ကြီးတွေကို နောက်ထပ်တိုး ချထားမယ်လို့လည်း ဆိုပါတယ်။

အားကစားရွာ အပါအဝင် ကစားပွဲတွေ ကျင်းပရာ နေရာတွေမှာ ပရိသတ်တွေနဲ့ အားကစားသမားတွေ မျောက်ရိုင်းတွေရဲ့ အန္တရာယ်နဲ့ ခွေးတွေ၊ မြွေတွေ အကိုက်ခံရမှာတွေကို စိုးရိမ်မကင်း ဖြစ်နေတဲ့အကြောင်း ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံတွေက ပြောဆိုနေကြတာပါ။

ဉာဏ်ရည်မြင့်မားပြီး ဒေါသကြီးတတ်သူ၊ ကိုယ့်ပိုင်နက်ကို အထိမခံတတ်သူအဖြစ် လူသိများတဲ့ လေ့ကျင့်ပေးထားသူ Langur မျောက်ကြီးတွေက မျောက်ရိုင်းတွေကို မောင်းထုတ်နိုင်မှာ ဖြစ်တယ်လို့လည်း အားကစားပွဲ စီစဉ်သူတွေက ပြောပါတယ်။

ဒါပေမဲ့လည်း နယူးဒေလီမြို့တော်မှာ တွေ့ရလေ့ရှိပြီး အိန္ဒိယ နိုင်ငံသားတွေ အထွတ်အမြတ်ထားတဲ့ နွားတွေကတော့ နှိမ်နင်းခံရမယ့်ဘေးက ကင်းလွတ်ခွင့်ရမှာ ဖြစ်တာမို့ မြို့အနှံ့ အရင်လို သွားလာနေဦးမှာ ဖြစ်တယ်လို့လည်း မျှော်လင့်ရပါတယ်။

XS
SM
MD
LG