သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓနသဟာယ အားကစားပြိုင်ပွဲ ကမောက်ကမများ

ဓနသဟာယ အားကစားပြိုင်ပွဲ ကမောက်ကမများ
ဓနသဟာယ အားကစားပြိုင်ပွဲ ကမောက်ကမများ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်က ဓနသဟာယ အားကစားပွဲမှာ ဆုရှင် အားကစားသမားတွေကြား ပြဿနာပေါင်းစုံ လွှမ်းမိုးနေဆဲ ဖြစ်ပါတယ်။

အစာအိမ်ဗိုင်းရပ်စ် ရောဂါကြောင့် သြစတြေးလျနဲ့ အင်္ဂလန် ရေကူးသမား တဒါဇင်ကျော် နေထိုင်မကောင်း ဖြစ်ခဲ့ကြတာပါ။ ရေကူးပြိုင်ပွဲ ကျင်းပရာ နေရာက ရေတွေ အဆင့်အတန်း မမီတဲ့အတွက် အခုလို ဖြစ်ရတာလို့ ပြောဆိုနေတာတွေကိုတော့ အားကစားပွဲ စီစဉ်သူတွေက လက်မခံခဲ့ကြပါဘူး။

အားကစားအသင်း တာဝန်ရှိသူတွေကတော့ သွေးပူလေ့ကျင့်ခန်း လုပ်တဲ့ ရေကူးကန်က ပြဿနာတွေ ဖြစ်ရတာလို့ ဆိုနေကြတာပါ။

ရဂ်ဘီ ဘောလုံးပွဲတွေ ကစားရာ နေရာမှာလည်း ချိတ်ဆွဲထားတဲ့ သံကြိုး ပြတ်တောက်ပြီး အမှတ်ပေး ဆိုင်းဘုတ်ကြီးတခု ကြာသပတေးနေ့က အောက်ကို ပြုတ်ကျခဲ့ပါတယ်။ အမှတ်ပေးဆိုင်းဘုတ်တင်ပြီး ၂ ရက်သာ ကြာတဲ့ အချိန်မှာ ပြုတ်ကျခဲ့တာ ဖြစ်ပေမဲ့ ဘောလုံးပွဲတွေ ရှေ့တပတ်အထိ မစသေးတာမို့ ကံကောင်းထောက်မတယ်လို့ ဆိုရမှာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဖွင့်ပွဲ အခမ်းအနားတွေမှာ ပျက်စီးခဲ့တဲ့ ပြေးခုန်ပစ်ပွဲအတွက် ပြေးလမ်းတွေဟာလည်း ဗုဒ္ဓဟူးနေ့ ပြိုင်ပွဲမစခင် ကလေးမှာမှ ပြင်ဆင်ပြီးစီးခဲ့တာလည်း ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG