သုံးရလွယ်ကူစေသည့် Link များ

အိန္ဒိယ အဂတိလိုက်စားမှု တိုက်ဖျက်သူ လွတ်မိန့်ကို ငြင်းဆို


အိန္ဒိယ အဂတိလိုက်စားမှု တိုက်ဖျက်သူ လွတ်မိန့်ကို ငြင်းဆို
အိန္ဒိယ အဂတိလိုက်စားမှု တိုက်ဖျက်သူ လွတ်မိန့်ကို ငြင်းဆို

အိန္ဒိယနိုင်ငံမှာ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ဦးဆောင် ဆန္ဒပြနေသူကို အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းလိုက်တာကို ကန့်ကွက်တဲ့ အနေနဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာကြောင့် သူ့ကို ဖမ်းဆီးထားတဲ့ နယူးဒေလီ ထောင်ကနေ နေ့တွင်းချင်း ပြန်လွှတ်ပေးဖို့ အာဏာပိုင်တွေက အမိန့် ထုတ်ပြန်လိုက်ပါတယ်။

အကျင့်ပျက် ခြစားမှုနဲ့ ပတ်သက်လို့ အိန္ဒိယ အစိုးရက ပိုမိုပြင်းထန်တဲ့ ဥပဒေတွေ ထုတ်ပြန် သတ်မှတ်ပေးရေး အစာငတ်ခံ ဆန္ဒပြဖို့ စီစဉ်နေတုန်းမှာပဲ တက်ကြွလှုပ်ရှားသူ အန်နာ ဟာဇာရီ (Anna Hazare) ကို အာဏာပိုင်တွေက အင်္ဂါနေ့ မနက်ပိုင်းမှာ ဖမ်းဆီး ထိန်းသိမ်းလိုက်တာပါ။

သူ့ကိုလွှတ်ပေးဖို့ အမိန့်ထုတ်ပြန်ထားပြီး ဖြစ်ပေမဲ့ အပြင်ရောက်တဲ့အခါ သူ ဦးဆောင်ပြုလုပ်မယ့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ဆန္ဒပြပွဲတွေကို အကန့်အသတ်မရှိ ပြုလုပ်ခွင့်ပေးမှ ထောင်ကထွက်မယ်ဆိုပြီး ဟာဇာရီက ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲတွေကို ၃ ရက်ထက် ကျော်မလုပ်ဖို့၊ လူ ၅,၀၀၀ ထက် ပိုမပါစေဖို့ အာဏာပိုင်တွေက တောင်းဆိုတာကိုတော့ အသက် ၇၄ နှစ်အရွယ် ဟာဇာရီက သဘောတူခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

အခုလ အစောပိုင်းမှာ အစိုးရက အဆိုပြုခဲ့တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေဟာ လုံလောက်ခြင်း မရှိတဲ့အတွက် ဂန္ဒီကြီး နည်းလမ်းအတိုင်း သေတဲ့အထိ အစာငတ်ခံ ဆန္ဒပြသွားဖို့ စီစဉ်ထားတယ်လို့ ဟာဇာရီက ခြိမ်းခြောက်ထားတယ်လို့လည်း ဆိုပါတယ်။

XS
SM
MD
LG