သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယတဝန်း ဆရာဝန်တွေ ဆန္ဒပြ


အိန္ဒိယနိုင်ငံမှာ ဆရာဝန်တွေ သပိတ်မှောက်
အိန္ဒိယနိုင်ငံမှာ ဆရာဝန်တွေ သပိတ်မှောက်

အိန္ဒိယနိုင်ငံမှာ ဆရာဝန်တွေ သပိတ်မှောက်နေကြတဲ့အတွက် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းနေပါတယ်။ အလုပ်သင်ဆရာဝန် အမျိုးသမီးတဦး မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရမှုကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ နိုင်ငံတဝန်းက သပိတ်မှောက်ဆန္ဒပြနေကြတာပါ။

ဆရာဝန် ၁ သန်းကျော် ပါဝင်မယ်လို့ ခန့်မှန်းထားတဲ့ ဆန္ဒပြမှုအတွင်း ဆေးဝန်ထမ်းတွေသာမက သာမန်ပြည်သူ သောင်းနဲ့ချီ ပါဝင်ဆန္ဒပြကြပါတယ်။ ဒီနေ့ စနေနေ့ အိန္ဒိယအချိန် မနက် ၆ နာရီကစပြီး ၂၄ နာရီ သပိတ်မှောက်နေကြတဲ့အတွက် အရေးပေါ်လူနာတွေကလွဲလို့ ဆေးရုံဆေးခန်းတွေမှာ လူနာတွေကို လက်မခံဘဲ ပြန်လွှတ်နေရပါတယ်။

ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဆေးဝန်ထမ်းတွေအနေနဲ့ လူနာတွေအရေးကို ဦးစားပေးပေမဲ့၊ တချိန်ထဲမှာ ကျန်းမာရေး ဝန်ဆောင်မှုပေးနေသူတွေအပေါ် အကြမ်းဖက်တာကို ရပ်တန်းက ရပ်ချိန်တန်ပြီလို့ ဆန္ဒပြ ဆရာဝန်တွေက ပြောပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်ပေးတဲ့ ဥပဒေကို အစိုးရက ပြဌာန်းပေးဖို့ ဆရာဝန်တွေက တောင်းဆိုနေကြပါတယ်။ အများပြည်သူ အကျိုးစီးပွားအတွက် ဆရာဝန်တွေ အလုပ်ခွင်ပြန်ဝင်ဖို့ အစိုးရက ကြောညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

ဩဂုတ်လ ၉ ရက်နေ့က အသက် ၃၁ နှစ်အရွယ် အလုပ်သင် ဆရာဝန်အမျိုးသမီးရဲ့ အလောင်းကို ဆေးရုံအစည်းအဝေးခန်းမမှာ တွေ့ရှိခဲ့တာပါ။ ရင်ခွဲစစ်ဆေးချက်အရ မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဆရာဝန်တွေ၊ ဆေးရုံ၊ ဆေးခန်းတွေရဲ့ လုံခြုံရေးကို အသေအချာစီပေးဖို့လည်း ဆေးဝန်ထမ်းတွေ တောင်းဆိုနေကြပါတယ်။

Forum

XS
SM
MD
LG