သုံးရလွယ်ကူစေသည့် Link များ

အိန္ဒိယစီးပွားရေး ဆုံးဖြတ်ချက်တွေအပေါ် ဝန်ကြီးချုပ်ကာကွယ်


အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း။ (နိုဝင်ဘာလ ၂၅၊ ၂၀၁၁)။
အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း။ (နိုဝင်ဘာလ ၂၅၊ ၂၀၁၁)။
အိန္ဒိယနိုင်ငံမှာ ဘဏ္ဍာရေးလိုငွေပြမှုကို လျှော့ချနိုင်ဖို့နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို စွဲဆောင်နိုင်ဖို့ ရည်ရွယ်ပြုလုပ်တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး မူအပေါ် ဝေဖန်နေတာကို ဝန်ကြီးချုပ် မန်မိုဟန်ဆင်း (Manmohan Singh) က ကာကွယ် ပြောကြားလိုက်ပါတယ်။ ဒါဟာ နိုင်ငံအတွက် အရေးကြီးတဲ့ ဆောင်ရွက်မှုဖြစ်တယ်လို့ စနေနေ့က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီဇယ်ဆီဈေးတွေကို ၁၂ ရာခိုင်နှုန်းလောက် တိုးမြှင့်လိုက်တဲ့ကိစ္စကိုလည်း ဝန်ကြီးချုပ်က ထောက်ခံပြောခဲ့ပါတယ်။ အိန္ဒိယ က လောင်စာဆီဈေးတွေဟာ ကမ္ဘာ့ဈေးတွေနဲ့ ကိုက်ညီဖို့ အရေးကြီးတယ်လို့ သူကပြောခဲ့တာပါ။

ကြာသပတေးနေ့က အစိုးရအဖဲ့ွ အစည်းအဝေးမှာ ဒီဇယ်ဆီဈေးကို တလီတာကို ၅ ရူပီ (Rupee) လောက် ဈေးမြှင့်ဖို့ကိစ္စကို သမ္မတက အတည်ပြုလိုက်တဲ့ အတွက် နိုင်ငံရေး မဟာမိတ်တချို့နဲ့၊ အတိုက်အခံတွေရဲ့ ဝေဖန်မှုကို ခံနေရတာဖြစ်ပါတယ်။ သောကြာနေ့ကလည်း နိုင်ငံခြားပိုင် ကုန်ပစ္စည်း လက်လီဆိုင်ကြီးတွေကို အိန္ဒိယ အစိုးရက ဖွင့်ခွင့်ပြုလိုက်ပါတယ်။ နိုင်ငံခြားက ဆိုင်ကြီးတွေ လာဖွင့်ရင် ပြည်တွင်းက လက်ဆီဆိုင်လေးတွေကို ထိခိုက်နိုင်သလို အလုပ်အကိုင်တွေလည်း ထိခိုက်နိုင်တယ်လို့ ဆန့်ကျင်သူတွေက ပြောနေကြပါတယ်။
XS
SM
MD
LG