ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ဒီနေ့ ရွေးကောက်ပွဲတွေ စတင်နေပါပြီ။ မဲဆန္ဒရှင် ၈၁၅ သန်းအနေနဲ့ သီတင်း ၅ ပတ်အတွင်းမှာ ကာလအပိုင်းအခြား ၉ ပိုင်းခွဲပြီး မဲပေးကြရမှာ ဖြစ်ပါတယ်။
မဲပေးသူတွေအနေနဲ့ အိန္ဒိယရဲ့ အောက်လွှတ်တော်ဖြစ်တဲ့ Lok Sabha (ခေါ်) ပြည်သူ့လွှတ်တော်ရဲ့ အမတ်နေရာပေါင်း ၅၄၃ နေရာအတွက် ရွေးချယ်ပေးရမှာပါ။
ဟိန္ဒူဘာသာဝင် အမျိုးသားရေးဝါဒီဖြစ်သူ Narendra Modi ဦးဆောင်တဲ့ BJP လို့လူသိများတဲ့ Bharatiya Janata Party နဲ့ သူ့ရဲ့ မဟာမိတ်ပါတီတွေအနေနဲ့ မဲအများဆုံးရဖို့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ နောက်ဆုံးထွက်တဲ့ ရွေးကောက်ပွဲ စစ်တမ်းတွေ အရ BJP ပါတီအနေနဲ့ ၅၀% ကျော် မဲအများစုရဖို့တော့ အများကြီးလိုလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
အိန္ဒိယနိုင်ငံမှာ ဒီ BJP နဲ့ Sonia Gandhi ရဲ့သားဦးဆောင်တဲ့ ကွန်ဂရက်ပါတီ ပါတီကြီး ၂ ခုရှိရာမှာ အစိုးရဖွဲ့နိုင်ဖို့ ပါတီကြီး တခုခုအနေနဲ့ အနည်းဆုံး မဲပေါင်း ၂၇၂ မဲ ရမှသာဖြစ်ပါတယ်။ မဲပေးသူတွေနဲ့ မဲရုံဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့ လုံခြုံရေးလည်း တိုးမြှင့်ဖို့ ပြင်ဆင်ထားပါတယ်။
မဲပေးမှုတွေ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့အတွက် တပ်သားပေါင်း သိန်းနဲ့ချီ ချထားဖို့ရှိပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ နိုင်ငံ အလယ်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းပြည်နယ်တွေမှာ လက်နက်ကိုင်တိုက်ခိုက်မှုတွေရှိနေသေးပြီး၊ သူပုန်တွေအနေနဲ့ မဲရုံတွေ၊ လုံခြုံရေးတပ်ဖွဲ့ တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လေ့ရှိခဲ့ပါတယ်။
ဒါပေမယ့် အိန္ဒိယရွေးကောက်ပွဲတွေဟာ တရားမျှတတယ်လို့ ယျေဘူယျလက်ခံလေ့ရှိပြီး ဒီတခေါက်ရွေးကောက်ပွဲ ရလဒ်တွေကို မေလ ၁၆ ရက်နေ့မှာ ကြေညာပေးဖို့ရှိပါတယ်။