သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရွေးကောက်ပွဲ ကက်ရှ်မီးယားမှာ ပြဿနာတက်


ကက်ရှ်မီးယားက မဲရုံအပြင်ဘက်မှာ ဒီကနေ့ မဲပေးဖို့ စောင့်ဆိုင်းနေကြတဲ့ ကက်ရှ်မီးယားဒေသခံ အမျိုးသမီးများ။
ကက်ရှ်မီးယားက မဲရုံအပြင်ဘက်မှာ ဒီကနေ့ မဲပေးဖို့ စောင့်ဆိုင်းနေကြတဲ့ ကက်ရှ်မီးယားဒေသခံ အမျိုးသမီးများ။
ဟိမဝန္တာတောင်တန်းဒေသက အိန္ဒိယအစိုးရ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသ တချို့နေရာတွေမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့သလို၊ ရွေးကောက်ပွဲကို သပိတ်မှောက်နေတဲ့ ခွဲထွက်ရေးသမားတွေကြောင့် မဲပေးသူ အနည်းငယ်သာ ရှိခဲ့ပါတယ်။

ကက်ရှ်မီးယားဒေသ မဲပေးပွဲ သုံးရက်မြောက်နေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာ Baramula အရပ်မှာ ဆန္ဒပြသူတွေက လုံခြုံရေးတပ်သားတွေကို ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခဲ့သလို အဲဒီက မဲရုံမှာလည်း ဗုံးတလုံး ပေါက်ကွဲခဲ့တဲ့အတွက် အရံရဲတပ်ဖွဲ့ဝင် ၁ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ခွဲထွက်ရေးသမားတွေက အိန္ဒိယအစိုးရရဲ့ သီတင်း ၅ ပတ်ကြာ လွှတ်တော်ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ကက်ရှ်မီးယား ဒေသခံတွေကို နှိုးဆော်နေတာမို့ အဲဒီဒေသမှာ မဲလာပေးသူ အရေအတွက် ရာနှုန်း ၂၀ အောက် လျော့မယ်လို့ ခန့်မှန်းထားပါတယ်။

စစ်သွေးကြွလို့ သံသယရှိသူတွေက ဒေသခေါင်းဆောင်တွေကို သတ်ပစ်ပြီး ရွေးကောက်ပွဲမှာ မဲမပေးဖို့ပါ သတိပေးနေတာကြောင့် ဒီအကြမ်းဖက်မှုတွေက မဲပေးမှုတွေကို ပျက်ပြားစေပါတယ်။

တခြားမြို့တွေဖြစ်တဲ့ Sopore နဲ့ Bandipore မြို့တွေမှာလည်း ဗုဒ္ဓဟူးနေ့က ဆန္ဒပြသူတွေက မဲရုံတွေကို တိုက်ခိုက်နေတာကြောင့် ရွာသားတွေ မဲရုံကို မသွားနိုင်အောင် ဖြစ်နေပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးတပ်သား ၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
XS
SM
MD
LG