သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် ဖိအားသုံးဖို့ အိန္ဒိယကို EU တိုက်တွန်း


အီရန်အပေါ် ဖိအားသုံးဖို့ အိန္ဒိယကို EU တိုက်တွန်း
အီရန်အပေါ် ဖိအားသုံးဖို့ အိန္ဒိယကို EU တိုက်တွန်း

အီရန်နိုင်ငံရဲ့ အငြင်းပွားဖွယ်ရာ နျူကလီးယား လက်နက် ပြဿနာအတွက် ဆွေးနွေး ညှှိနှိုင်းမှုတွေ ပြန်လုပ်လာအောင် အိန္ဒိယက အီရန်ကို ဖိအားပေးဖို့ EU ဥရောပသမဂ္ဂက အိန္ဒိယအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ကျင်းပတဲ့ အီးယူ အိန္ဒိယ ထိပ်သီးအစည်းအဝေးမှာ ဥရောပကောင်စီ အကြီးအကဲ Herman Van Rompuy က နျူကလီးယား လက်နက်ထုတ်ဖို့ အီရန်ကလုပ်ဆောင်မှာ စိုးရိမ်စိတ်ပူကြောင်း ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံက နျူကလီးယားဗုံး ထုတ်လုပ်ဖို့ကြိုးစားမှာကို အနောက်နိုင်ငံအတွေက စိုးရိမ်နေကြတာပါ။

အီးယူက အီရန်အတွက် အရေးယူလုပ်ဆောင်ဖို့ အခုလို တိုက်တွန်းချက်နဲ့ပတ်သက်ပြီး အိန္ဒိယဝန်ကြီးချုပ် မန်းမိုဟန်ဆင်းက တစုံတရာ တုံ့ပြန်မပြောကြားပေမဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်တွေမှာ ပြဿနာတွေ ရှိနေတယ် ဆိုတာကိုတော့ ဝန်ခံခဲ့ပါတယ်။

အိန္ဒိယအနေနဲ့ အီရန်နဲ့ ကုန်သွယ်ရေး တိုးမြှင့် လုပ်ဆောင်ဖို့ ဆန္ဒရှိနေကြောင်းလည်း ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက အီရန်ကို သူ့ရဲ့ နျူကလီးယား လုပ်ငန်းစဉ်တွေ ဆက်လက် လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး အရေးယူတဲ့အနေနဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့မှု အသစ်တွေ ချမှတ်ထားချိန်မှာပဲ ဒါကို အခွင့်ကောင်းယူတဲ့ အနေနဲ့ အိန္ဒိယက အီရန်နဲ့ ကုန်သွယ်ရေးတိုးမြှင့် လုပ်ဆောင်ချင်တဲ့ ဆန္ဒရှိတယ်လို့ အီးယူ အိန္ဒိယ ထိပ်သီး အစည်းအဝေး မတိုင်ခင်မှာပဲ အိန္ဒိယက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့တစ်ဖွဲ့ကိုလည်း မကြာခင်မှာ အီရန်ကို စေလွှတ်ဖို့ ရှိတယ်လို့ ကြာသပတေးနေ့မှာ အိန္ဒိယက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG