သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဒေလီ တည်းခိုခန်းမီးလောင်မှု ၁၇ ဦး သေဆုံး


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က စရိတ်သက်သာတဲ့ တည်းခိုခန်း အင်္ဂါနေ့အာရုံမတက်မီအချိန်မှာ မီးလောင်မှုအတွင်း လူ ၁၇ ယောက်သေဆုံးပြီး မြန်မာအမျိုးသမီး ၁ ဦးအပါအဝင် လူ ၄ ယောက် ဒဏ်ရာရတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

လူကျပ်တဲ့ နယူးဒေလီမြို့လယ်ပိုင်းက Hotel Arpit Palace မှာ အပေါ်ထပ်တထပ်လုံး မီးလောင်ခဲ့တာကို ဓာတ်ပုံတွေမှာ တွေ့နိုင်ပါတယ်။ တည်းခိုခန်းမှာ နေတဲ့သူတွေ အိပ်နေတဲ့အချိန်မှာ မီးလောင်ခဲ့တာဖြစ်ပြီး ကော်ရေဒါ လျှောက်လမ်းတလျှောက် သစ်သားပြားတွေရှိနေတဲ့အတွက် လျှောက်လမ်းကတဆင့် လူတွေ ပြေးထွက်လို့ မရခဲ့တဲ့အကြောင်း မီးသတ်သမားတယောက်က သတင်းထောက်တွေကို ပြောပြပါတယ်။

မီးသတ်ကား အနည်းဆုံး ၂၅ စီးက မီးသတ်သမားတွေ နာရီပေါင်းများစွာ ကြိုးစားပြီးနောက်ပိုင်း မီးငြှိမ်းနိုင်ခဲ့ပြီး လူ ၃၅ ယောက်ကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ နယူးဒေလီ မီးသတ်အကြီးအကဲက ပြောပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ အခုထိ မသိရသေးပါဘူး။ ဒီပတ်ဝန်းကျင်တဝိုက်မှာ တည်းခိုခန်းတွေ၊ ဈေးဆိုင်နဲ့ ရုံးခန်းတွေ ရာနဲ့ချီရှိသလို ဈေးဝယ်သူ ခရီးသွားတွေနဲ့ လူကျပ်တဲ့နေရာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG