သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရေကြီးမှု ၆၀၀ နီးပါးသေဆုံး


အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မုတ်သုန်မိုး သည်းထန်စွာရွာပြီး ရေကြီးမှုကြောင့် လူ ၆၀၀ နီးပါးသေဆုံးပြီး ပျောက်ဆုံးနေသူ သောင်တင်နေသူ ထောင်ပေါင်းများစွာ ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လာမယ့်ရက်တွေမှာလည်း မိုးအကြီးအကျယ် ဆက်ရွာဖို့ရှိတယ်လို့ ဒီကနေ့ စနေနေ့မှာ တာဝန်ရှိသူတွေ က ပြောပါတယ်။

Uttarakhand ပြည်နယ်ထဲက ဟိမဝန္တာတောင်တန်းဒေသမှာ ပိတ်မိနေရာသူ ၅ သောင်းကျော်ကို ကယ်တင်နိုင်ဖို့ ကယ်ဆယ်ရေးတွေကလည်း ကြိုးစားနေကြပါတယ်။ ရေကြီးမှုကြောင့် အဲဒီဘက်က ရွာတွေ ရွာလုံးကျွတ် ရေထဲ မြောပါသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၅ ရက်အတွင်း ရေဘေးဒုက္ခသည် ၃ သောင်းကျော်ကို ကယ်ဆယ်ခဲ့ရပါတယ်။ အဲဒီထဲမှာ ဟိန္ဒူတို့ ဘာသာရေးအထွဋ်အမြတ်နေရာဆီ သွားကြတဲ့ ဘုရားဖူးတွေပါသလို၊ ကမ္ဘာလှည့်ခရီးသည်တဖွဲ့ကိုလည်း ရဟတ်ယာဉ်နဲ့ ကယ်တင်ခဲ့ရပါတယ်။

ရေကြီးမှုကြောင့် ဘေးကင်းရာပြောင်းရွှေ့နေကြရသူတွေကို ကူညီဖို့ အရေးပေါ် ကယ်ဆယ်ရေး ရန်ပုံငွေကိုသုံးဖို့ အသင့်ပဲလို့ ပြည်ထဲရေးဝန်ကြီးက ဒီကနေ့ပဲ ကြေညာခဲ့ပါတယ်။
XS
SM
MD
LG