သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရေဘေး လူ ၉၀၀ ကျော်သေဆုံး


ရေဘေးဒုက္ခသည်တွေကို အိန္ဒိယစစ်တပ်က ကူညီကယ်ဆယ်နေစဉ်။ (ဇွန်လ ၂၅ ရက်၊ ၂၀၁၃)။
ရေဘေးဒုက္ခသည်တွေကို အိန္ဒိယစစ်တပ်က ကူညီကယ်ဆယ်နေစဉ်။ (ဇွန်လ ၂၅ ရက်၊ ၂၀၁၃)။
အိန္ဒိယနိုင်ငံမြောက်ပိုင်းက Uttarakhand ပြည်နယ်မှာ မုတ်သုန်ရာသီမိုးတွေ အချိန်မတိုင်ခင် ဝင်ရောက်လာပြီးတော့ မိုးတွေသည်းလို့ တောင်ကျချောင်းရေ လျှပ်တပြတ် လျှံတာတွေ၊ မြေပြိုတာတွေဖြစ်ပွားပြီး လူ ၉၀၀ မက သေဆုံးခဲ့ရပြီး ဖြစ်သလို လူပေါင်း ထောင်သောင်းချီ ပျောက်ဆုံးနေ ပါတယ်။ သေဆုံးသူ ပမာဏက အများကြီး ပိုများသွားနိုင်တယ် လို့ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး ဆူရှီကူးမားရှင်ဒီက ပြောပါတယ်။

ကာကွယ်ရေးဌာနက ဝန်ထမ်းထောင်ပေါင်းများစွာနဲ့ အင်ဒို-တိဘက်တန် နယ်စပ်လုံခြုံရေး ရဲတပ်ဖွဲ့၊ အမျိုးသား သဘာဝဘေးအန္တရာယ် ကိုင်တွယ်ရေး တပ်ဖွဲ့ (NDRF) တို့ဟာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ၂၄ နာရီပတ်လုံး မနားမနေ လုပ်ဆောင်နေကြရပါတယ်။

ဟိမဝန္တာတောင်တန်းတွေမှာ ဘုရားဖူးရောက်နေကြတဲ့ ဟိန္ဒူဘုရားဖူးတွေ၊ နိုင်ငံသွား ခရီးသွားတွေ အပါအဝင် ဒုက္ခရောက်နေသူ အများအပြားကို ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ခဲ့ရတာဖြစ်ပါတယ်။ အခုထိဆိုရင် လူပေါင်း တစ်သိန်းငါးထောင်ကို ကယ်ဆယ် ခဲ့ပြီးဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

အိန္ဒိယရဲ့အရှည်လျားဆုံး ဂင်္ဂါမြစ်ဝှမ်းက နေအိမ်တွေ၊ တိုက်ခန်းတွေ လည်း ရေထဲပြိုကျကုန်ပြီး ကားတွေ၊ ထရပ်ကားတွေပါ ရေနဲ့မျောပါ သွားကြတယ်လို့လည်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။
XS
SM
MD
LG