သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်သူတဦးကို ပြစ်ဒဏ်စီရင်


အိန္ဒိယမှာ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု တရားစီရင်ချိန် တရားရုံးအပြင်မှာစောင့်နေသော သတင်းထောက်များ။
အိန္ဒိယမှာ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု တရားစီရင်ချိန် တရားရုံးအပြင်မှာစောင့်နေသော သတင်းထောက်များ။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ ပြီးခဲ့တဲ့နှစ်တုန်းက အမျိုးသမီးတစ်ယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့မှုနဲ့ ဆယ်ကျော်သက်တစ်ယောက်ကို တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

မုဒိန်းအကျင့်ခံခဲ့ရတဲ့ အမျိုးသမီးဟာ နောက်ပိုင်းမှာ ဆေးရုံမှာသေဆုံးသွားခဲ့တဲ့ အတွက် မုဒိန်းမှု၊ လူသတ်မှုတို့နဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ ဒီပြစ်မှုတွေကို ကျူးလွန်ချိန်မှာ အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့လူငယ်ကို အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။ အခုတော့ အသက် ၁၈ နှစ်ရှိနေပြီတဲ့ အဲဒီလူငယ်ကို ဖမ်းဆီးထားတဲ့ကာလတွေ ကိုလည်း ပြစ်ဒဏ်ကာလအဖြစ်နဲ့ ထည့်တွက်ပါတယ်။

သေဆုံးသွားခဲ့တဲ့ အမျိုးသမီးရဲ့ မိသားစုတွေကတော့ အဲဒီဆယ်ကျော်သက်ကို သူကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့တန်အောင်လို့ သေဒဏ်အပြစ်ပေးအောင် တရားရုံးကို တိုက်တွန်းခဲ့ပါတယ်။ ဖြစ်ခဲ့တဲ့အမှုနဲ့နှိုင်းစာရင် နည်းလွန်းတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက အသက် ၂၃ နှစ်အရွယ် ကျောင်းသူဟာ လူ ၆ ယောက်ရဲ့ အဓမ္မပြုကျင့်တာ ခံခဲ့ရပြီးတဲ့နောက်မှာ အတွင်းဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာပါ။

အုပ်စုဖွဲ့ မုဒိန်းကျင့်ခံထားရတယ်လို့ စွပ်စွဲခံထားရတဲ့ ကျန်အမျိုးသားလေးယောက်ကိုလည်း အထူးတရားရုံးတွေမှာ စစ်ဆေးနေပြီးတော့ အပြစ်ရှိတယ်လို့ တွေ့ရှိရင် သေဒဏ်အထိ ကျခံကြရမှာ ဖြစ်ပါတယ်။

သူတို့အုပ်စုထဲမှာ ပါတယ်ဆိုတဲ့လူတစ်ယောက်ကတော့ မတ်လတုန်းက အချုပ်ခန်းထဲမှာ သေဆုံးခဲ့ပါတယ်။ အခုလိုမျိုး ကျောင်းသူတစ်ယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုကြောင့် အိန္ဒိယနိုင်ငံတဝှမ်းမှာတင်မကဘဲ နိုင်ငံတကာမှာပါ ဆန့်ကျင်ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်ရှင်။
XS
SM
MD
LG