သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှုကွန်ယက်တွေကို အိန္ဒိယအစိုးရသတိပေး


လူမှုဆက်ဆံရေးကွန်ယက် အင်တာနက်စာမျက်နှာတခုဖြစ်တဲ့ Twitter အနေနဲ့ လူမျိုးစု တင်းမာမှုတွေကို နောက်ထပ်မီးထိုး ပေးနိုင်တယ်လို့ တာဝန်ရှိသူတွေက စိုးရိမ်တဲ့ ဖော်ပြချက်တွေကို မဖြုတ်ပစ်ဘူးဆိုရင် အရေးယူလုပ်ဆောင်မယ်လို့ အိန္ဒိယ အစိုးရက ခြိမ်းခြောက်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း အာသမ်ပြည်နယ်မှာဖြစ်ခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်းတွေကို လက်စားချေတဲ့ အနေနဲ့ မူစလင်တွေက တိုက်ခိုက်မယ်ဆိုတဲ့ ကောဠာဟလတွေ အင်တာနက်ပေါ်မှာ ပြန့်နေခဲ့ပြီး တဲ့နောက် အခု ညွှန်ကြားချက်ထွက်လာတာပါ။

အာသံပြည်နယ်က အဓိကရုဏ်းကြောင့် ဇူလိုင်လကတည်းကဆိုရင် လူ အယောက် ၈၀ သေဆုံးခဲ့ ရပြီဖြစ်ပြီး လူဦးရေ သုံးသိန်း အိုးအိမ်စွန့်ထွက်ပြေးနေရပါတယ်။ သတင်းမှားတွေကြောင့် အိန္ဒိယနိုင်ငံ တဝန်းမြို့တွေက ထောင်ပေါင်းများစွာသော လူတွေဟာ သူတို့မြို့တွေကနေ အာသံပြည်နယ်က အိမ်တွေဆီ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပြန်သွားခဲ့ကြပါတယ်။

လှုံ့ဆော်နှိုးဆွပြီး အန္တရာယ်ဖြစ်စေတဲ့ ဖော်ပြချက်တွေကို ချက်ခြင်းဖြုတ်ပေးဖို့ အိန္ဒိယအစိုးရက Twitter ကို ကြာသပတေးနေ့ မှာ တောင်းဆိုခဲ့ပါတယ်။ အိန္ဒိယမှာ သုံးစွဲသူ ၁၆ သန်းလောက်ရှိတဲ့ Twitter အင်တာနက်စာမျက်နှာဘက်က တုံ့ပြန်ချက် တခုခုတော့ ချက်ခြင်းထွက်မလာသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG