သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ သေဒဏ်စီရင်မှုဆိုင်းထားဖို့ HRW တောင်းဆို


အိန္ဒိယနိုင်ငံမှာ သေဒဏ်စီရင်မှုကို ယာယီပြန်ပြီး ဆိုင်းငံ့ထားဖို့အတွက် ထင်ရှားတဲ့ လူ့အခွင့်အရေး အဖွဲ့ကြီးတခုက တိုက်တွန်းလိုက်ပါတယ်။ ၂၀၀၁ ခုနှစ်က အိန္ဒိယ ပါလီမန်ကို တိုက်ခိုက်မှုထဲမှာ ပါဝင်မှုနဲ့ ကက်ရှ်မီးယားဒေသခံ တယောက်ကို ကြိုးပေး ကွပ်မျက်ခဲ့ပြီးနောက်မှာ သေဒဏ်အပြစ်ပေးမှု လုံးဝဖျက်သိမ်းရေး ခြေလှမ်းအဖြစ် ယာယီဆိုင်းထားဖို့ကို Human Rights Watch အဖွဲ့ကြီးက စနေနေ့က ပန်ကြားခဲ့တာဖြစ်ပါတယ်။

ကြီးကြီးမားမား ရာဇဝတ်မှု ကျူးလွန်ထားသူတွေကို အပြစ်ပေးသင့်ပေမဲ့ သေဒဏ်ပေးတာကတော့ ရက်စက်လွန်းရာရောက်ပြီး ပြန်ပြင်လို့ မရတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်အခြေစိုက် HRW အဖွဲ့တာဝန်ရှိသူ Meenakshi Ganguly ကပြောပါတယ်။ ဒီလိုသေဒဏ် အပြစ်ပေးလိုက်တဲ့အတွက် နောက်လူတွေ အလားတူ ပြစ်မှု မကျုးလွန်အောင် တားဆီးနိုင်တယ် ဆိုတာမျိုး လက်ခံနိုင်လောက်စရာ သာဓက မရှိဘူးလို့လည်း သူက ပြောပါတယ်။

စနေနေ့အစောပိုင်းက နယူးဒေလီမြို့တီဟာ (Tihar) အကျဉ်းထောင်မှာ ကြိုးပေးကွက်မျက်ခံရသူ Afzal Guru ဟာ ၂၀၀၂ ခုနှစ်ထဲက သေဒဏ်ချခံထားရသူ ဖြစ်ပါတယ်။ အိန္ဒိယ ပါလီမန်ကို တိုက်ခိုက်ဖို့ စီစဉ်မှု ပါကစ္စတန်အခြေစိုက် အစ္စလာမ်စစ်သွေးကြွ Jaish-e-Mohammed အဖွဲ့ဝင် ဖြစ်မှုတွေကြောင့် အပြစ်ပေးခံခဲ့ရတာပါ။ Guru ကို ကင်းလွတ်ခွင့်ပေးရေး တောင်းဆိုချက်ကို အိန္ဒိယ သမ္မတ Pranab Mukherjee က မကြာခင်ကပဲ ပယ်ချခဲ့တာပါ။ လူ့အခွင့်အရေး ဆောင်ရွက်တဲ့ အဖွဲ့တော်တော်များများကတော့ Guru ဟာ မျှမျှတတ တရားစီရင်တာ မခံခဲ့ရဘူးလို့ ပြောကြပါတယ်။

XS
SM
MD
LG