သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ အပူလှိုင်းဒဏ်ကြောင့် လူ ၅၀၀ ကျော် သေဆုံး


အိန္ဒိယနိုင်ငံမှာ အပူလှိုင်းဖြတ်သန်းရာက လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သလို၊ ရှေ့လာမယ့် ရက်တွေအတွင်းမှာလည်း အပူချိန်ဟာ ပိုများနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းနေကြတာကြောင့် အခြေအနေဟာ ပိုဆိုးလာနိုင်ပါတယ်။

သေဆုံးသူ အများစုကတော့ နိုင်ငံတောင်ပိုင်းက Andhra Pradesh နဲ့ Telangana ပြည်နယ်တွေမှာဖြစ်ပြီး၊ အိန္ဒိယမိုးလေဝသ ဌာနကတော့ အနည်းဆုံး ဒီလကုန်အထိ အပူချိန်ဟာ ၄၀ degrees Celsius ကျော်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

အပူလှိုင်း ဖြတ်သန်းမှုကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နေ့အပူချိန်ဟာ ၄၈ degrees Celsius အထိ ရှိနေတာကြောင့် သေဆုံးသူ ပိုများခဲ့ရတာပါ။

ဆေးရုံတွေမှာ ဆိုရင်လည်း အပူလျှပ်ပြီး ရောက်လာကြတဲ့ လူနာအများအပြားကို တွေ့ကြရပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ တတ်နိုင်သမျှ လူတွေအိမ်ထဲကအိမ်ပြင် မထွက်ကြဖို့၊ အထူးသဖြင့် နေ့စဉ်အပူဆုံး အချိန်တွေမှာ အပြင်ထွက်တာမျိုး ရှောင်ကြဉ်ကြဖို့လည်း သတိပေးနေကြပါတယ်။

XS
SM
MD
LG