သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ ရေကြီး၊ မြေပြိုမှုတွေကြောင့် ၆၀ ကျော်သေ


 အိန္ဒိယနိုင်ငံမြောက်ပိုင်း Himachal Pradesh ပြည်နယ်အတွင်း ရေကြီးမြေပြို (သြဂုတ် ၁၅၊ ၂၀၂၃)
 အိန္ဒိယနိုင်ငံမြောက်ပိုင်း Himachal Pradesh ပြည်နယ်အတွင်း ရေကြီးမြေပြို (သြဂုတ် ၁၅၊ ၂၀၂၃)

အိန္ဒိယနိုင်ငံမှာ ရေကြီး မြေပြိုမှုတွေဖြစ်နေတဲ့အတွက် နာမည်ကြီး ဘုရားကျောင်းတခု ပြိုကျလို့ လူ ၁၁ ဦး သေဆုံးခဲ့တာအပါအဝင် အနည်းဆုံး လူ ၆၂ ယောက် သေဆုံးခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေကလည်း ဒီကနေ့ ပျောက်ဆုံးနေသူတွေကို လိုက်လံ​ ရှာဖွေနေကြပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း Himachal Pradesh ပြည်နယ်အတွင်း ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် အဆောက်အအုံတွေ ပြိုကျပျက်စီးတာအပြင် မော်တော်ကားတွေနဲ့ တံတားတွေပါ ရေထဲ မျောပါကုန်ပါတယ်။

အိန္ဒိယနိုင်ငံမှာ နှစ်စဥ် မိုးရာသီရောက်တိုင်း ရေကြီး မြေပြိုမှုတွေဖြစ်လေ့ရှိပေမဲ့ ဥတုရာသီပြောင်းလဲမှုကြောင့် အဲဒီလို ဖြစ်ပေါ်တဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုနှုန်း ပိုဆိုးလာနေတယ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။ Himachal Pradesh ပြည်နယ်တခုထဲမှာတင် တနင်္ဂနွေနေ့ကစလို့ သေဆုံးသူ ၅၂ ဦး ရှိခဲ့ပြီး လမ်းတွေ ပိတ်နေတဲ့အတွက် ထောင်နဲ့ချီတဲ့သူတွေ ပိတ်မိနေသလို လျှပ်စစ်ဓါတ်အားလိုင်းတွေနဲ့ ဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ရှိသမျှလူအကုန်လွတ်ပြီး ဆောင်ရွက်နေတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Sukhvinder Singh Sukhu (ဆုခ်ဗင်းဒါး ဆင်းဂ် ဆာခူး)​ က မနေ့ တနင်္လာနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ မကြာသေးခင်ကာလတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေက နိုင်ငံတဝန်းက မိသားစုတွေအတွက် ကြီးမားတဲ့ဘေးဒုက္ခတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ မြို့တော် နယူးဒေလီမှာ ဒီကနေ့ကျင်းပတဲ့ အိန္ဒိယလွတ်လပ်ရေးနေ့ အခမ်းအနားမိန့်ခွန်းမှာ ဝန်ကြီးချုပ် Narendra Modi က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အိန္ဒိယမှာ ရေကြီး၊ မြေပြိုမှုတွေကြောင့် ၆၀ ကျော်သေ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG