သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်နဲ့ ကီလိုမီတာ ၁၀၀ အကွာ အင်ဖားမြို့အထိ ရထားလမ်းဖောက်မည်


အိန္ဒိယနိုင်ငံတွင်း ပြေးဆွဲနေတဲ့ ရထားတစီး။ (စက်တင်ဘာ ၂၁၊ ၂၀၂၁)
အိန္ဒိယနိုင်ငံတွင်း ပြေးဆွဲနေတဲ့ ရထားတစီး။ (စက်တင်ဘာ ၂၁၊ ၂၀၂၁)

(Zawgyi / Unicode)

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖားမြို့ကို လာမယ့် ၂ နှစ်အတွင်း ရထားလမ်းဖောက်တော့မှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ နယ်စပ်နဲ့ ကီလိုမီတာ ၁၀၀ သာ ကွာဝေးတဲ့နေရာကို အိန္ဒိယရဲ့ ရထားလမ်း ရောက်လာတော့မှာဖြစ်ကြောင်း အိန္ဒိယ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေအတွက် အခုချိန်ထိ ကားလမ်းကိုသာ မှီခိုအားထားနေရတဲ့ မဏိပူရပြည်နယ် မြို့တော် အင်ဖားအတွက် ဒီရထားလမ်းက အသက်သွေးကြောသဖွယ် ဖြစ်လာမယ်လို့ ဆိုပါတယ်။

အာသံပြည်နယ်၊ Jiribam ကနေ ၁၁၁ ကီလိုမီတာ ရှည်လျားတဲ့ ဒီ ရထားလမ်း ဖောက်လုပ်ရေးအတွက် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေး ကြန့်ကြာနေခဲ့ပေမယ့် အခုချိန်မှာ လုပ်ငန်းတွေကို အလျှင်အမြန် အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။

ဒီရထားလမ်းက မဏိပူရပြည်နယ်ရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်း နေထိုင်တဲ့ အင်ဖားမြို့အတွက် အရေးပါတဲ့ ကုန်ပစ္စည်းတွေကို တင်ပို့ရေးအတွက် အသုံးဝင်ရုံတင်မကဘဲ နောက်ပိုင်းမှာ Trans-Asia ရထားလမ်းရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ မြန်မာနယ်စပ်အထိပါ ရထားလမ်းကို တိုးချဲ့ ဖောက်လုပ်သွားဖို့ အိန္ဒိယက စီစဉ်ထားပါတယ်။

သာမန်ရထားသံလမ်းတွေထက် ပိုပြီးကျယ်တဲ့ လမ်းကျယ်စနစ်နဲ့ တည်ဆောက်မယ့် ဒီရထားလမ်း တည်ဆောက်မှုဟာ အိန္ဒိယရဲ့ အရှေ့မြောက်ဒေသမှာရှိတဲ့ ပြည်နယ်အားလုံးရဲ့ မြို့တော်တွေနဲ့ ပြည်မကြီးအကြား ရထားလမ်းဆက်သွယ်ရေးစနစ် တည်ဆောက်မယ့် အိန္ဒိယအစိုးရရဲ့ စီမံကိန်း တစိတ်တဒေသလည်း ဖြစ်ပါတယ်။ ဒီ Jiribam-Imphal ရထားလမ်းက ကီလိုမီတာ ၂၀၀ ကနေ ၂၂၅ ရှည်လျားတဲ့ လမ်းကြောင်းကို လက်ရှိမှာ ကားနဲ့သွားရင် ၁၁ နာရီကနေ ၁၂ နာရီအကြား သွားနေရတဲ့ခရီးကို ၂ နာရီအတွင်း ရောက်နိုင်မယ်လို့ ဆိုပါတယ်။

ရထားလမ်းတလျှောက် လိုဏ်ဂူပေါင်း ၄၆ ခုနဲ့ တံတားပေါင်း ၁၅၃ ခုပါဝင်မယ့် ဒီရထားလမ်းက လူမှုအသိုင်းအဝိုင်းတွေအကြား ချိတ်ဆက်ပေးရုံတင်မကဘဲ အိန္ဒိယ ရထားဌာနအတွက် ခက်ခဲစွာ တည်ဆောက်ရမယ့် ရထားလမ်းတခုလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)








XS
SM
MD
LG