သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဆိပ်ကမ်း အီရန်ကို ငှားမည်


အီရန်သမ္မတနှင့် အိန္ဒိယ ဝန်ကြီးချုပ်
အီရန်သမ္မတနှင့် အိန္ဒိယ ဝန်ကြီးချုပ်

အိန္ဒိယနိုင်ငံကို အီရန်သမ္မတလာရောက်ချိန်အတွင်း နှစ်နိုင်ငံအကြား သဘောတူညီချက်ကို ကိုးခုကို လက်မှတ်ရေးထိုးကြပါ တယ်။ အဲဒီထဲမှာ အီရန်နိုင်ငံ၊ Chabahar ဆိပ်ကမ်း တစိတ်တပိုင်းကို အိန္ဒိယနိုင်ငံအနေနဲ့ တနှစ်ခွဲကြာ လည်ပတ် လုပ်ဆောင် ခွင့်ရမယ့် အဓိက သဘောတူညီချက်တရပ်လည်း ပါဝင်ပါတယ်။

ကုန်းတွင်းပိတ် အာဖဂန်နစ္စတန်နိုင်ငံနဲ့ အာရှအလယ်ပိုင်း သမ္မတနိုင်ငံတွေကိုရောက်မယ့် မဟာဗျူဟာမြောက် ကုန်သွယ်ရေး လမ်းကြောင်းတခု ဖော်ထုတ်ဖို့အတွက် ပြိုင်ဘက် ပါကစ္စတန်နိုင်ငံကိုကျော်ပြီးတော့ အိန္ဒိယက ဒီဆိပ်ကမ်းဖွံ့ဖြိုးရေး ကူညီ လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ Chabahar ဆိပ်ကမ်းဟာ အိန္ဒိယရဲ့ ပထမဆုံး အဓိက ပြည်ပဆိပ်ကမ်းလုပ်ငန်းတခုဖြစ်ပြီး ပါကစ္စတန်နိုင်ငံ၊ Gwadar ဆိပ်ကမ်းဖွံ့ဖြိုးရေး တရုတ်နိုင်ငံကလုပ်နေတာကို တန်ပြန်လုပ်ဆောင်ချက်တခုအဖြစ် မြင်ကြပါတယ်။

စစ်ဒဏ်သင့် အာဖဂန်နစ္စတန်နိုင်ငံ တည်ငြိမ်ရေး ကြိုးပမ်းမှုတွေကို အရှိန်မြှင့် လုပ်ဆောင်ကြဖို့လဲ နယူးဒေလီမြို့တော်မှာ တွေ့ဆုံ ဆွေးနွေးကြတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ အီရန်သမ္မတ Hassan Rouhani တို့အကြား သဘောတူကြပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးနဲ့ ယဉ်ကျေးမှုမျိုးစုံယှဉ်တွဲနေထိုင်တဲ့ စနစ်တခုကို ပြန်လည်တည်ဆောက်ဖို့အတွက် ကျနော်တို့ အတူတကွ လုပ်ဆောင်သွားပါမယ်၊ ကျနော်တို့ဒေသမှာ အကြမ်းဖက်ဝါဒ ကင်းရှင်း တာကို ကျနော်တို့မြင်ချင်ပါတယ်လို့ အိန္ဒိယဝန်ကြီးချုပ် Modi ကပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ အီရန်နိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို အဓိကဝယ်ယူနေတဲ့ နိုင်ငံတခုဖြစ်ပြီး အီရန်နိုင်ငံအနေနဲ့ နျူကလီးယားအစီအစဉ်ကြောင့် နိုင်ငံတကာ ဒဏ်ခတ်အရေးယူမှုကို ရင်ဆိုင်ခဲ့ရချိန်မှာတောင်မှပဲ ကုန်သွယ် ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့တာပါ။

အိန္ဒိယဆိပ်ကမ်း အီရန်ကို ငှားမည်
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG