သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်အများဆုံးဝယ်တဲ့အာရှမှာ အိန္ဒိယနှစ်ဆတိုးဝယ်


ကမ္ဘာမှာ လက်နက်တင်သွင်းမှုအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း လက်နက်ဝယ်ယူမှု ၂ ဆတိုး ဝယ်ယူခဲ့တယ်လို့ ဆွီဒင်နိုင်ငံအခြေစိုက် သုတေသနဌာနက ပြောပါတယ်။

အိန္ဒိယနိုင်ငံရဲ့ လက်နက်တင်သွင်းမှုနှုန်းဟာ လွန်ခဲ့တဲ့ ၅ နှစ်ကထက်စာရင် ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်အကြား ၁၁၁ % အထိ မြင့်တက်လာခဲ့တယ်လို့ Stockholm နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနဌာန (SIPRI) က တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ လေ့လာတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံရဲ့ လက်နက်ဝယ်ယူမှုဟာ ကမ္ဘာ့လက်နက်ဝယ်ယူမှု စုစုပေါင်းရဲ့ ၁၄ % ရှိတာကြောင့် သူ့အနောက်မှာလိုက်နေတဲ့ တခြား လက်နက်ဝယ်ယူမှု အများဆုံးနိုင်ငံတွေဖြစ်ကြတဲ့ တရုတ်နဲ့ပါကစ္စတန်တို့ထက် ဝယ်ယူမှုနှုန်း ၃ ဆ ပိုများတာလည်း ဖြစ်ပါတယ်။

ယေဘုယျအားဖြင့်တော့ သမားရိုးကျ လက်နက်ဝယ်ယူမှုနှုန်းဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ၁၄ % မြင့်တက်ခဲ့တယ်လို့ SIPRI ရဲ့ လေ့လာတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာမှာ လက်နက်ရောင်းချမှု အများဆုံး ၅ နိုင်ငံကတော့ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ဂျာမနီ၊ တရုတ်နဲ့ ပြင်သစ်နိုင်ငံတို့ ဖြစ်ပါတယ်။
XS
SM
MD
LG