အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) ဟာ ၃ ရက်ကြာခရီးစဉ်နဲ့ အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးတယောက်အနေနဲ့ ပထမဆုံး အိန္ဒိယကိုလာတဲ့ ခရီးစဉ်အတွင်းမှာ ကုန်သွယ်ရေးကိစ္စ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လုံခြုံရေးရာကိစ္စတွေကို အဓိကထား ဆွေးနွေးလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
အိန္ဒိယ နိုင်ငံက ဈေးကွက်တွေထဲမှာ အမေရိကန် ကုန်ပစ္စည်းတွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဈေးကွက်တင်ချင်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ အိန္ဒိယအစိုးရဘက်ကတော့ အမေရိကန်အလုပ်အကိုင် ဈေးကွက်ထဲကို အိန္ဒိယ ကပညာတတ်တွေ ဝင်ရောက်နိုင်အောင် အခုထက်ပိုပြီး လျှော့ပေါ့တဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေ အမေရိကန်ဘက်က ထားရှိဖို့ လိုလားနေပါတယ်။ မူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ကိစ္စကိုလည်း ဆွေးနွေးကြမယ့် ပုံရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဟာ အမေရိကန်မူဝါဒနဲ့ဆိုင်တဲ့ မိန့်ခွန်းကို ပြောကြားဖို့ရှိသလို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆယ်လ်မန်ခါရှစ် (Salman Khurshid) နဲ့ တွေ့ဆုံဖို့ရှိပါတယ်။ အင်္ဂါနေ့ကျရင်တော့ သူဟာ ဆော်ဒီအာရေဗျ (Saudi Arabia) နိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။
ဆီးရီးယားအရေးနဲ့ပတ်သက်လို့ တခြားနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကာတာ (Qatar) နိုင်ငံမှာ တေ့ွဆုံဆွေးနွေးခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယနိုင်ငံကို ခရီးဆက်လာတာဖြစ်ပါတယ်။