သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေကို လေ့လာမယ့် အာကာသယာဉ် အိန္ဒိယ လွှတ်တင်


India Sun Mission
India Sun Mission

နေကို လေ့လာမယ့် အာကာသယာဉ်ကို အိန္ဒိယနိုင်ငံက ဒီနေ့ စနေနေ့မှာ အာကာသပေါ် အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပါတယ်။

ကမ္ဘာမြေကနေ မိုင် ၉ သိန်းကျော် အကွာအဝေးလောက်မှာရှိတဲ့ L1 ဆိုတဲ့ နေရာကနေ နေကိုလည်ပတ်ပြီး လေ့လာဖို့ Aditya-L1 အာကာသယာဉ်ကို Sriharikota အာကာသစခန်းကနေ ဒီနေ့လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

နေနဲ့ ကမ္ဘာမြေအကွာအဝေး စုစုပေါင်းရဲ့ ၁% လောက်မှာရှိတဲ့ နေရာကနေ နေကိုလေ့လာမှာ ဖြစ်ပါတယ်။ အဲဒီနေရာကို အာကာသယာဉ်ရောက်ဖို့ ရက်ပေါင်း ၁၂၅ ရက်ကြာလိမ့်မယ်လို့ အိန္ဒိယအာကာသ သုတေသနအဖွဲ့ (ISRO) အကြီးအကဲက ပြောပါတယ်။ Aditya-L1 အာကာသယာဉ်ကနေ နေရဲ့ အပြင်ဖက်ဆုံးအလွှာ ရောင်ခြည်ဝန်းရဲ့ အပူထုတ်လွှတ်မှု၊ လေအရှိန်၊ သံလိုက်စက်ကွင်းဖြစ်ပေါ်မှု၊ အပူချိန် စတာတွေကို လေ့လာသွားမှာ ဖြစ်ပါတယ်။

လကမ္ဘာကို လေ့လာဖို့ အိန္ဒိယ အာကာသယာဉ်တစင်း လကမ္ဘာရဲ့တောင်ဘက်စွန်းနေရာပေါ် ဆင်းသက်နိုင်ခဲ့တာ သီတင်း ၂ ပတ်တောင် မကြာသေးချိန်မှာ နေအကြောင်းလေ့လာမယ့် နောက်ထပ် အာကာသယာဉ်ကို လွှတ်တင်နိုင်ခဲ့တာပါ။ လကမ္ဘာရဲ့တောင်ဘက်စွန်းကို ပထမဆုံး အာကာယာဉ်ဆင်းသက်နိုင်ခဲ့တဲ့ နိုင်ငံအဖြစ် ဩဂုတ်လ ၂၃ ရက်နေ့က သမိုင်းတင်ခဲ့ပါတယ်။

အခုဆိုရင် အိန္ဒိယနိုင်ငံဟာ အမေရိကန်ပြည်ထောင်စု၊ အရင် ဆိုဗီယက်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတွေပြီးရင် လကမ္ဘာပေါ်ကို အာကာသယာဉ် ဆင်းသက်နိုင်တဲ့ ၄ နိုင်ငံမြောက်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG