သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျိုးတုန်းတော့မဲ့ခြင်္သေ့ အိန္ဒိယမှာ ကောင်ရေတိုး


အာရှဒေသက ခြင်္သေ့ကောင်ရေကို ငါးနှစ်တကြိမ်ရေတွက်တဲ့လုပ်ငန်း အိန္ဒိယနိုင်ငံ၊ ဂူဂျားရပ်ပြည်နယ်မှာ စတင်နေပါပြီ။ ဂီယာ ခြင်္သေ့ ဘေးမဲ့တော ထဲနဲ့ ပတ်ဝန်းကျင်မှာ ရေတွက်တဲ့လုပ်ငန်းကို မေလ (၅) ရက်နေ့အထိ ဆက်လုပ်မှာပါ။ အဲဒီနေရာဟာ ကမ္ဘာပေါ်မှာ မျိုးတုန်းတော့မယ့်ဒီ ခြသေ့ၤအမျိုးအစား ရှင်သန်နေထိုင်တဲ့ နောက်ဆုံးနေရာ ဖြစ်ပါတယ်။

စတုရန်းမိုင်ပေါင်း (၇,၇၀၀) ကျော်ရှိတဲ့ ဘေးမဲ့တောမှာ ၂၀၁၀ ပြည့်နှစ်ကကောက်ယူတဲ့စာရင်းအရ ခြင်္သေ့ကောင်ရေ (၄၁၁) ကောင်ရှိတာမို့ ၂၀၀၅ ခုနှစ်က (၃၅၉) ကောင် ရှိတာထက် ပိုများပါတယ်။ စာရင်းကောက်ယူတဲ့ကျွမ်းကျင်သူတွေဟာ ကိုယ်တိုင်တွေ့ရတာ၊ ဓာတ်ပုံတွေ၊ GPS ခြေရာခံနည်းပညာတွေ စသည်အားဖြင့် နည်းလမ်းပေါင်းစုံကို အသုံးပြုပြီးတော့ နှစ်ခါထပ်ကောက်မိတာမျိုး မဖြစ်ရအောင် ခြင်္သေ့တကောင်ချင်းစီကို စာရင်းကောက်မှာပါ။

အိန္ဒိယ ထိပ်တန်းတက္ကသိုလ်တွေက တောရိုင်းရေးရာကျွမ်းကျင်သူတွေအပါအဝင် လူပေါင်း (၂,၅၀၀) လောက် အခု စာရင်းကောက်ယူတဲ့ လုပ်ငန်းမှာ ပါဝင်နေကြပါတယ်။ နောက်ဆုံးရလဒ်ကတော့ မေလ ၁၀ ရက်နေ့မှာ ထွက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG