သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာသံမှာ အရက်ပုန်းကြောင့် သေဆုံးသူ အနည်းဆုံး ၁၄၀ ရှိပြီ


အိန္ဒိယ နိုင်ငံမှာ အရည်အသွေး မကောင်းတဲ့ အရက်ပုန်း သောက်မိတာကြောင့် သေဆုံးသူ အနည်းဆုံး ၁၄၀ ရှိပြီလို့ အိန္ဒိယ အရှေ့မြောက်ပိုင်း ဒေသ တာဝန်ရှိသူတွေက ပြောပါတယ်။

အရက်ပုန်း သောက်ထားသူ နောက်ထပ် လူပေါင်း ၂၀၀ လောက်ကိုလည်း ဆေးရုံတင်ထားရပြီး ဒီထဲက တချို့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့လည်း အာဏာပိုင်တို့က ပြောပါတယ်။ လူနာတွေက အော့အန်၊ မခံမရပ်နိုင်အောင် ရင်ဘတ်အောင့်တာနဲ့ အသက်ရှုမရတဲ့ အခြေအနေတွေနဲ့ ဆေးရုံကို ရောက်လာကြတာလို့ ဒေါက်တာ Ratul Bordoloi က AFP သတင်းအေဂျင်စီကို ပြောပါတယ်။

ဒေသတွင်းက ဆေးရုံတွေမှာလည်း အလုပ်များကုန်ပါတယ်။ အနီးအနား ဒေသတွေနဲ့ ဆေးကျောင်းက ဆရာဝန်တွေလည်း ဒီကျန်းမာရေး ပြသနာကို ကိုင်တွယ်နိုင်ဖို့ အပြေးအလွှာ ဆောင်ရွက်နေကြရတယ်လို့ Assam ပြည်နယ်ရဲ့ ကျန်းမာရေး ဝန်ကြီး Himanta Biswa Sarma က ရိုက်တာ သတင်းအေဂျင်စီကို ပြောပါတယ်။ အများအပြားက အမျိုးသမီးတွေ ဖြစ်ပြီး လက်ဖက်စိုက်တဲ့ အလုပ်သမားတွေ ဖြစ်တယ်လို့လည်း အရာရှိတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး အများအပြားကိုလည်း ဖမ်းဆီးထားပါတယ်။

အိန္ဒိယမှာ ဈေးသက်သာတဲ့ တရားမဝင် အရက်တွေ သောက်ပြီး သေဆုံးရသူက နှစ်စဉ် ရာနဲ့ချီ ရှိနေတာပါ။ ပြီးခဲ့တဲ့ သီတင်း ၂ပတ်လောက် တုန်းကလည်း အိန္ဒိယ နိုင်ငံ မြောက်ပိုင်း ဒေသတခုမှာ အရည်အသွေး မကောင်းတဲ့ အရက် သောက်မိတာကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG