သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစိဖိတ်ဒေသ ထိပ်သီးအစည်းအဝေး အိန္ဒိယဝန်ကြီးချုပ် တက်ရောက်


ပါပူဝါနယူးဂီနီမှာ ကျင်းပတဲ့ ပစိဖိတ်ခေါင်းဆောင်တွေရဲ့ ထိပ်သီး အစည်းအဝေး
ပါပူဝါနယူးဂီနီမှာ ကျင်းပတဲ့ ပစိဖိတ်ခေါင်းဆောင်တွေရဲ့ ထိပ်သီး အစည်းအဝေး

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီဟာ ပါပူဝါနယူးဂီနီမှာ ကျင်းပတဲ့ ပစိဖိတ်ခေါင်းဆောင်တွေရဲ့ ထိပ်သီး အစည်းအဝေးကို တနင်္လာနေ့က တက်ရောက်ခဲ့ပါတယ်။ ဒေသတွင်းတရုတ်ရဲ့ လွှမ်းမိုးမှုကို အိန္ဒိယဘက်က တန်ပြန်နိုင်ဖို့ ကြိုးစားနေသလို အမေရိကန်ကလည်း အင်ဒို-ပစိဖိတ်ဒေသမှာ သူ့ရဲ့ အင်အားကို တိုးချဲ့ဖို့ ကြိုးစားနေချိန်မှာပဲ ပါပူဝါနယူးဂီနီက အိန္ဒိယ-ပစိဖိတ်ကျွန်းများ ပူးပေါင်းဆောင်ရွက်ရေး တတိယအကြိမ် အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာပါ။

ဒီအစည်းအဝေးဟာ ဒေသတွင်းမှာ မဟာဗျူဟာ ပြိုင်ဆိုင်မှု အဖြစ် တရုတ်နဲ့ အမေရိကန် တင်မကဘဲ ဘက်မလိုက် မူဝါဒကို အစဉ် တစိုက် ဦးဆောင်ကျင့်သုံးခဲ့တဲ့ အိန္ဒိယကလည်း ကုန်သွယ်ရေးနဲ့ နိုင်ငံရေးအရ ဆက်ဆံမှုအသစ်တွေကို မြှင့်တင်လိုပြီး ပစိဖိတ်ကျွန်း နိုင်ငံတွေက ခေါင်းဆောင်တွေ အတွက် အင်အားကြီး နိုင်ငံတွေကြား ရွေးချယ်စရာ ဖြစ်လာနိုင်ဖို့ အိန္ဒိယက ကြိုးစားနေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒီအစည်းအဝေးမှာ အိန္ဒိယ၊ ပစိဖိတ်ကျွန်းနိုင်ငံ (၁၄) နိုင်ငံအပြင် ဩစတေးလျနဲ့ နယူးဇီလန်နိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက်ရောက်ကြပြီး ဒေသဆိုင်ရာ လုံခြုံရေး၊ စွမ်းအင်ထောက်ပံ့မှုနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးကြပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်မှာ ကြွေးမြီးကန့်သတ်ချက်ကိစ္စ ဆွေးနွေးဖို့ ရှိနေတဲ့အတွက် ဒီအစည်းအဝေးကို မူလက တက်ရောက်ဖို့ စီစဉ်ပြီးမှ ဖျက်ခဲ့ရပြီး သူ့ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန်က တက်ရောက်လာပြီး ပါပူဝါနယူးဂီနီနဲ့ ကာကွယ်ရေး ဆိုင်ရာ သဘောတူညီချက်တွေ လက်မှတ်ထိုးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG