သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်တက္ကသိုလ်တု တက်ဖို့ကြိုးစားတဲ့ အိန္ဒိယ ကျောင်းသား တရာကျော် အရေး


University of Farmington (screenshot ပုံ)
University of Farmington (screenshot ပုံ)

အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်အတု တခုမှာ ကျောင်းဝင်ခွင့်လျှောက်ပြီး ပြည်ဝင်ခွင့်ဗီဇာ ရယူခဲ့တဲ့ အိန္ဒိယကျောင်းသား တရာကျော် အမေရိကန်မှာ အဖမ်းခံနေရတဲ့ကိစ္စကို အမေရိကန်အစိုးရက သက်သက်ညှာညှာ စဉ်းစားပေးစေလိုကြောင်း အိန္ဒိယအစိုးရက တောင်းဆို လိုက်ပါတယ်။

အမေရိကန် အမိမြေလုံခြုံရေးဌာနက ၂၀၁၅ ခုနှစ်ထဲမှာ Michigan ပြည်နယ် Detroit မြို့ပြင်လိပ်စာနဲ့ University of Farmington ဆိုတဲ့ တက္ကသိုလ်အတု တခုကို ဖန်တီးခဲ့တာပါ။ အဲဒီတက္ကသိုလ်မှာ ဘာသာရပ်ဆိုင်ရာ ဌာနတွေမရှိတာ၊ ကျောင်းပုရဝုဏ် မရှိတာ၊ တရားဝင် အမေရိကန် အဆင့်မြင့်ပညာရေး ဌာနတခုမှာ ရှိသင့်ရှိထိုက်တဲ့ လက္ခဏာတွေ မရှိတာတွေကို၊ သိလျှက်သားနဲ့ နိုင်ငံခြားသားကျောင်းသား (၆၀၀)ကျော်က ကျောင်းဝင်ခွင့် လျှောက်ထားခဲ့တာပါ။ အဲဒီတက္ကသိုလ်ဟာ အတုဖြစ်တယ်ဆိုတာ သိရဲ့နဲ့ ပြည်ဝင်ခွင့်ဗီဇာရဖို့ တခုထဲ အတွက်သာ ကျောင်း ဝင်ခွင့် လျှောက်ခဲ့ခြင်းသာဖြစ်တယ်လို့ အမေရိကန်အစိုးရ ရှေ့နေတွေက စွပ်စွဲလိုက်ပါတယ်။ ဒါပေမဲ့ အိန္ဒိယအစိုးရ ကတော့ သူတို့ရဲ့ အိန္ဒိယ ကျောင်းသားအများစုဟာ လှည့်ဖျားခံရခြင်းသာ ဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။

အထိန်းသိမ်းခံနေရတဲ့ အိန္ဒိယကျောင်းသားတွေရဲ့ ဂုဏ်သိက္ခာအတွက် စိုးရိမ်ကြောင်းနဲ့ သူတို့တွေကို ကောင်းမွန်စွာ ထားလိမ့်မယ်လို့ ယုံကြည့်ကြောင်း ၊ လိုအပ်တဲ့အကူအညီတွေ ပေးနိုင်ဖို့ အဆိုပါကျောင်းသားတွေကို အိန္ဒိယသံရုံးက ချက်ချင်း သွားတွေ့ခွင့်ပေးဖို့ကိုလည်း တောင်းဆိုပါကြောင်း စနေနေ့က ထုတ်ပြန်တဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG