သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေအောက်ခန်းထဲဖွက်ထားတဲ့ အမျိုးသမီး ၁၇ ဦး မွန်ဘိုင်းရဲတပ်ဖွဲ့ ကယ်တင်


အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့က ရဲတပ်ဖွဲ့ဝင်များ။ (ယခင်ပုံဟောင်း)
အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့က ရဲတပ်ဖွဲ့ဝင်များ။ (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာ လူမှောင်ခိုဂိုဏ်းက မြေအောက် လျှို့ဝှက်ခန်းထဲမှာ ဖွက်ထားတဲ့ အမျိုးသမီး ၁၇ ယောက်ကို ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၁ ရက်နေ့က ဖော်ထုတ် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

အမျိုးသမီးတွေကို ဘားဆိုင်မှာ ကချေသည်အဖြစ် တရားမဝင် အသုံးပြုနေတယ် ဆိုတဲ့ သတင်းပေးချက်အရ မွန်ဘိုင်းမြို့ Andheri လူကုံတန်ရပ်ကွက်မှာရှိတဲ့ Deepa Bar ကို ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေခဲ့ပြီး အဲဒီလို တွေ့ရှိခဲ့တာပါ။ ရှာဖွေရေးအဖွဲ့က အမျိုးသမီးတွေကို သမားရိုးကျ ဖွက်ထားလေ့ရှိတဲ့ အိမ်သာ၊ သိုလှောင်ခန်းနဲ့ မီးဖိုချောင်တွေမှာ မတွေ့ခဲ့ဘဲ မှန်ချပ်ကြီးတွေကာထားတဲ့ မိတ်ကပ်ခန်းကို မသင်္ကာလို့ မှန်တွေကို ခွာဖို့ကြိုးစားတာ အစပိုင်းမှာ မအောင်မြင်ခဲ့ပါဘူး။

နောက်ပိုင်း မှန်တွေကို ရိုက်ခွဲပြီး အထဲကို ဝင်ကြည့်တဲ့အခါကျမှ လျှို့ဝှက် မြေအောက်ခန်းကိုသွားတဲ့ အပေါက်ကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ရောက်သွားတဲ့အခါကျမှ အဲဒီ မြေအောက်ခန်းမှာ ပုန်းနေတဲ့ အမျိုးသမီး ၁၇ ယောက်ဟာ တယောက်ပြီးတယောက် ထွက်လာကြတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေလာမယ်ဆိုတာ သိတာနဲ့ ချက်ခြင်း အကြောင်းကြားပြီး အမျိုးသမီးတွေကို ပုန်းခိုင်းတဲ့စံနစ်ကို ဆိုင်ပိုင်ရှင်က တီထွင်ထားတယ်လို့ ဆိုပါတယ်။

ဒီအမျိုးသမီးတွေကိုတော့ လိင်လုပ်ငန်း၊ ဘားဆိုင်က ကချေသည်တွေအဖြစ် အလုပ်လုပ်ဖို့ နိုင်ငံတဝန်းရဲ့ တခြားနေရာတွေကနေ မွန်ဘိုင်းမြို့ကို ခေါ်လာတာလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]






#IndiaHumanTrafficking #VOABurmese


==============

XS
SM
MD
LG