သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့နယ်စပ် ခြံစည်းရိုးခတ်မယ်လို့ အိန္ဒိယပြော


India Myanmar
India Myanmar

မြန်မာနဲ့ နယ်စပ်တလျှောက်မှာ ခြံစည်းရိုးခတ်သွားမယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shah က ဇန်နဝါရှိ ၁၉ ရက်၊ မနေ့က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံအတွင်းကို မြန်မာစစ်သားတွေ ထွက်ပြေး ဝင်ရောက်လာတဲ့အရေအတွက် ရာနဲ့ချီ ရှိလာချိန်မှာဘဲ အိန္ဒိယ ဗဟိုအစိုးရက အခုလို နယ်စပ်ခြံစည်းရိုးကာဖို့ စီစဉ်လာတာပါ။

ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ကို ကာကွယ်ထားသလိုဘဲ မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတလျှောက်မှာလည်း ခြံစည်းရိုးခတ် ကာကွယ်သွားမှာ ဖြစ်တယ်လို့ အိန္ဒိယ အရှေ့မြောက်ဒေသ Meghalaya ပြည်နယ်၊ Shillong မြို့မှာရှိတဲ့ နယ်ခြားစောင့်တပ် - အာသံ ရိုင်ဖယ် ဌာနချုပ်မှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း ဝန်ကြီး Amit Shah က ထည့်သွင်း ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့လ တလထဲမှာတင် မြန်မာစစ်ကောင်စီတပ်သား ၆၀၀ နီးပါး အိန္ဒိယဘက်ကို ထွက်ပြေး ခိုလှုံလာကြတာပါ။ သူတို့စခန်းကို AA ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီးတဲ့နောက် ရာနဲ့ချီတဲ့စစ်သားတွေဟာ အိမ်နီးချင်း မီဇိုးရမ်းပြည်နယ်ထဲက Lawngtlai မြို့ကို ဝင်ရောက် ခိုလှုံလာခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို ခြံစည်းရိုးခတ်လိုက်ရင် Free Movement Regime (FMR) လို့ ခေါ်တဲ့ နယ်စပ်ဒေသတလျှောက်မှာ နေထိုင်ကြတဲ့ နှစ်ဘက်ပြည်သူတွေ ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ တဘက်တချက်စီကို ၁၆ ကီလိုမီတာအထိ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်လည်း ဆုံးရှုံးသွားတော့မှာ ဖြစ်ပါတယ်။ FMR ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်ကတည်းက တည်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ခြံစည်းရိုးခတ်မယ့် အိန္ဒိယအစိုးရရဲ့ အစီအစဉ်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ မြန်မာနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ပြည်နယ်တခုဖြစ်နဲ့ မီဇိုးရမ်းပြည်နယ် ဝန်ကြီးချုပ် Lalduhoma (လားလ် ဒူအောမာ) က အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi, နိုင်ငံခြားရေးဝန်ကြီး S. Jaishankar တို့နဲ့ အခုလ အစောပိုင်းက တွေ့ဆုံစဉ်မှာ ပြောကြားထားပြီး ဖြစ်ပါတယ်။

XS
SM
MD
LG