သုံးရလွယ်ကူစေသည့် Link များ

အိန္ဒိယ-မြန်မာ နယ်စပ်ပြဿ နာများ ဖြေရှင်းရေး ၃ ရက်ကြာ ဆွေးနွေးပွဲ စတင်


အိန္ဒိယ - မြန်မာ နယ်စပ် တနေရာ
အိန္ဒိယ - မြန်မာ နယ်စပ် တနေရာ

အိန္ဒိယ မြန်မာ ၂ နိုင်ငံအစိုးရ အရာရှိတွေဟာ ၂ နိုင်ငံကြား နယ်စပ်ပြဿနာရပ် တွေကို ဖြေရှင်းဖို့ တနင်္လာနေ့ စက်တင်ဘာလ ၅ ရက် ကနေ ၇ ရက်အထိ Dehradun မှာ တွေ့ဆုံဆွေးနွေးကြဖို့ ရှိတယ်လို့ မဏီပူရ တောင်တန်းဒေသ သတင်းနဲ့ပြန်ကြားရေး ဗဟိုဌာန (ICHAM) အကြီးအကဲက ပြောပါတယ်။

မြန်မာဘက်က အိန္ဒိယနိုင်ငံ Chandel နဲ့ Ukhrul ဒေသတွေမှာ ကျူးကျော်မှုတွေ ရှိနေကြောင်း ICHAM က ဖေဖေါ်ဝါရီလတုန်းထဲမှာ အစီရင်ခံစာ တင်ခဲ့တာဖြစ်ပြီး ၂ နိုင်ငံ နယ်စပ်ကျောက်တိုင် နေရာကနေ မဏိပူရဒေသအတွင်း တမိုင်လောက်အထိ ကျူးကျော်နေ ကြောင်းလည်း ပြောပါတယ်။

ဒီလိုကျူးကျော်နေမှုကို ဗဟိုအစိုးရကို သေသေချာချာ တင်ပြပြီး ပြည်နယ်အစိုးရက အဖြေရှာပေးဖို့လည်း တိုက်တွန်းခဲ့သလို မြန်မာဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါ ဒီပြဿနာကို တင်ပြပေးဖို့ပါ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနကို ICHAM က ပန်ကြားခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယ မြန်မာ ၂ နိုင်ငံကြား နယ်စပ်စည်းရိုး ကာရံဖို့ ဆွေးနွေးတဲ့အခါမှာလည်း မဏီပူဒေသ အပိုင်းကို အရင်ဆုံး ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ပေးဖို့ပါတောင်းဆိုခဲ့တာပါ။

မိုင်ပေါင်း တထောင်ကျော် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနဲ့ မြန်မာနိုင်ငံကြားမှာ မြန်မာ့မြေပေါ်ကနေ အိန္ဒိယ အစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေသူတွေ ရှိနေတဲ့ ပြဿနာကို အမြန်ဖြေရှင်းနိုင်ဖို့ အိန္ဒိယ အစိုးရက လိုလားနေတာဖြစ်ပါတယ်။

သြဂုတ်လကုန်ပိုင်းမှာ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့တဲ့ မြန်မာသမ္မတ ဦးထင်ကျော်ရဲ့ ခရီးစဉ်အတွင်းမှာတော့ အိန္ဒိယအစိုးရ ထိပ်တန်း ခေါင်းဆောင်တွေနဲ့ ၂ နိုင်ငံကြား လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေအတွက် သဘောတူညီချက် ရရှိခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG