သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနဲ့ မြန်မာပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်


အိန္ဒိယနဲ့ မြန်မာစစ်တပ်အကြား ပထမဦးဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှု (India National Defense Bureau)
အိန္ဒိယနဲ့ မြန်မာစစ်တပ်အကြား ပထမဦးဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှု (India National Defense Bureau)

အိန္ဒိယနဲ့ မြန်မာစစ်တပ်အကြား ပထမဦးဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို အရှေ့မြောက်ပိုင်း Meghalaya ပြည်နယ်၊ Umroi မှာ နိုဝင်ဘာလ ၂၀ရက်၊ တနင်္လာနေ့က စတင်ကျင်းပခဲ့ပါတယ်။

မြန်မာစစ်တပ်ဘက်က အရာရှိ ၁၅ ဦးနဲ့ အိန္ဒိယစစ်တပ်ဘက်က အရာရှိ ၁၆ ဦးတို့ စုစုပေါင်း ပါဝင်ခဲ့တဲ့ ၆ ရက်ကြာ 2017 IMBAX ခေါ် ၂၀၁၇ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ ဒီသီတင်းပတ် စနေနေ့အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုရဲ့ အဓိက ရည်ရွယ်ချက်က UNPKO ခေါ် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း လုပ်ငန်းစဉ်တွေမှာ မြန်မာစစ်တပ် ကိုယ်စားလှယ်အဖွဲ့ ပါဝင်နိုင်ရေးအတွက် လေ့ကျင့် သင်တန်းပေးခြင်း ဖြစ်ပါတယ်။ ဒီ IMBAX စစ်ရေး လေ့ကျင့်မှုဟာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း တပ်ဖွဲ့တွေအနေနဲ့ လိုက်နာရမယ့် နည်းဗြူဟာတွေ၊ ကျွမ်းကျင်မှုတွေနဲ့ ရင်းနှီးမှုရှိအောင် လေ့ကျင့်ပေးခြင်း ဖြစ်ပါတယ်။

Meghalaya ပြည်နယ်ရဲ့ Shillong မြို့တော်နဲ့ ၁၅ မိုင်အကွာရှိ Umroi စစ်တပ်နယ်မြေရှိ ပူးတွဲ စစ်ရေးလေ့ကျင့်မှု စခန်းသစ်မှာ တပ်မှူး ဗိုလ်ချုပ် P.S. Behl က ဖွင့်ပွဲအခမ်းအနားမှာ အိန္ဒိယအနေနဲ့ ငြိမ်းချမ်းရေးထိန်းတပ် လုပ်ငန်းစဉ်တွေမှာ အဓိက ပါဝင်ခဲ့တဲ့ နိုင်ငံဖြစ်သလို အတွေ့အကြုံလည်း ရင့်ကျက်ပြီး နှစ်နိုင်ငံအကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာစစ်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ ဗိုလ်မှူးကြီး အောင်ကျော်ထွန်းကလည်း ဒီ ပထမဦးဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုကနေ မြန်မာနိုင်ငံ အကျိုးခံစားရလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ စစ်တပ်အကြား သီတင်းတပတ်ကြာ SAMPRITI ပူးတွဲ စစ်ရေးလေ့ကျင့်မှုကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ကျင်းပ ပြီးစီးခဲ့ပါတယ်။

အိန္ဒိယနဲ့ မြန်မာပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်
please wait

No media source currently available

0:00 0:01:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG