သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လက်နက်မှောင်ခို တင်သွင်းမှုမှာ ဒေသခံအဖွဲ့တွေ ပတ်သက်နေကြောင်း နာဂအဖွဲ့ စွပ်စွဲ


မဏီပူရပြည်နယ်အတွင်း ကင့်လှည့်နေသော အိန္ဒိယနယ်ခြားစောင့်တပ်
မဏီပူရပြည်နယ်အတွင်း ကင့်လှည့်နေသော အိန္ဒိယနယ်ခြားစောင့်တပ်

မြန်မာစစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (Democratic Alliance Army) မှာ အဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ ကူကီးအမျိုးသားတပ်မတော် KNA (B) ဟာ မြန်မာနိုင်ငံအတွင်းကို လက်နက်တွေ တင်ပို့နေပြီး ဒီလိုကြီးမားတဲ့ အစီအစဉ်ကို လုပ်ဆောင်နိုင်ဖို့အတွက် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေက ဦးဆောင်နေကြောင်း NSCN (I-M) လို့ခေါ်တဲ့ နာဂဆိုရှယ်လစ်ကောင်စီ Isak-Muivah အဖွဲ့က ဇွန်လ ၁ ရက်၊ စနေနေ့မှာ စွပ်စွဲပြောကြားလိုက်ပါတယ်။

ဒါ့အပြင် သူတို့တပ်ဖွဲ့တွေဟာ မဏီပူရပြည်နယ်၊ Kamjong ခရိုင်အတွင်းမှာ အိန္ဒိယနယ်ခြားစောင့်တပ် Assam Rifles နဲ့ KNA တို့ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ပူးတွဲတိုက်ခိုက်ခြင်းကို ခံနေရတဲ့အတွက် နားလည်ရခက်ခဲနေကြောင်း ဖော်ပြထားတဲ့ NSCN (I-M) အဖွဲ့ရဲ့ ကြေညာချက်ကို အိန္ဒိယ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဒေသတွင်းမှာရှိတဲ့ ကူကီးမျိုးနွယ်စုတွေအနေနဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ဒေသကို လွတ်လပ်စွာ အတားအဆီးမရှိ ဖြတ်သန်းသွားလာခွင့်ရှိနေတဲ့အပေါ် ဒေသခံတွေအကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။ အဲဒီလို လူတွေ နယ်စပ်ဖြတ်ကျော် သွားလာမှုနဲ့အတူ လက်နက်တွေလည်း လွတ်လပ်စွာ တင်ပို့နေကြတယ်လို့ NSCN အဖွဲ့က စွပ်စွဲထားတာပါ။

အိန္ဒိယအရှေ့မြောက်ပိုင်း မဏိပူပြည်နယ်ထဲမှာ မနှစ် မေလမှာ စတင်ဖြစ်ပွားခဲ့တဲ့ လူမျိုးစုတွေကြား အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ အနည်းဆုံး ၁၄၀ ဝန်းကျင် ရှိခဲ့ပြီး ရာနဲ့ချီတဲ့လူနေအိမ်တွေ မီးလောင်ကျွမ်းခဲ့သလို အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ၆၀,၀၀၀ လောက်ဟာလည်း ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပြည်တွင်းလက်နက်ကိုင် တိုက်ပွဲတွေကြောင့် မဏိပူရပြည်နယ်ထဲကို ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ ထွက်ပြေးခိုလှုံခဲ့ကြတာမှာ မဏိပူရပြည်နယ်အစိုးရနဲ့ အိန္ဒိယဗဟိုအစိုးရ တာဝန်ရှိသူတချို့က အဲဒီ လူမျိုးရေးပဋိပက္ခတွေဟာ မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကြောင့် ပိုဆိုးရွားစေခဲ့တယ်လို့ စွပ်စွဲပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မဏိပူအစိုးရက မြန်မာနိုင်ငံတွေကို တရားမဝင် ဝင်ရောက်လာမှုနဲ့ ဖမ်းဆီးထိန်းသိမ်းပြီး တချို့ကို မြန်မာနိုင်ငံဘက် ပြန်ပို့ခဲ့ပါတယ်။

Forum

XS
SM
MD
LG