သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆို


အိန္ဒိယဝန်ကြီးချုပ်သစ် Narendra Modi (လယ်) ကျန်းသစ္စာကျိန်ဆိုပြီးနောက် တာဝန်လွဲှပြောင်းယူစဉ်။ (မေ ၂၆၊ ၂၀၁၄)
အိန္ဒိယဝန်ကြီးချုပ်သစ် Narendra Modi (လယ်) ကျန်းသစ္စာကျိန်ဆိုပြီးနောက် တာဝန်လွဲှပြောင်းယူစဉ်။ (မေ ၂၆၊ ၂၀၁၄)
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ဆယ်နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ ကွန်ဂရက်ပါတီဟာ ရွေးကောက်ပွဲမှာ BJP ပါတီကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ပါတီခေါင်းဆောင် Narendra Modi ဟာ ဒီကနေ့ တနင်္လာနေ့မှာ ဝန်ကြီးချုပ်သစ် အဖြစ် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားတဲ့ ဒီ ကျမ်းသစ္စာကျိန်ဆိုပွဲကို ပါကစ္စတန် ဝန်ကြီးချုပ် Nawaz Sharif အပါအဝင် ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဂုဏ်သရေရှိပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ကြတာပါ။

ပြိုင်ဘက် အိန္ဒိယနဲ့ပါကစ္စတန်တို့ကြား အဆင်မပြေမှုတွေရှိနေချိန်မှာ ပါကစ္စတန်ခေါင်းဆောင်တယောက်က အိန္ဒိယဝန်ကြီးချုပ်သစ် တရားဝင် ကျမ်းသစ္စာကျိန်ဆိုတဲ့အခမ်းအနားကို ပထမဆုံးအကြိမ် တက်ရောက်ခြင်းလည်း ဖြစ်ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ်အပြင် သီရိလင်္ကာ၊ အာဖဂန်နစ္စတန်၊ မော်လဒိုက်၊ ဘူတန်၊ နီပေါ နဲ့ Mauritius နိုင်ငံတွေက ခေါင်းဆောင်တွေလည်း ဒီ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ကြပါတယ်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကတော့ ဂျပန်နိုင်ငံကို ရောက်နေတဲ့အတွက် သူ့ကိုယ်စား လွှတ်တော်ဥက္ကဋ္ဌက တက်ရောက်ခဲ့တာပါ။

အိန္ဒိယ ခေါင်းဆောင်သစ်အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် အဓိကထား ဆောင်ရွက်သွားမယ့် အခြေအနေကို မကြုံစဖူး တွေ့နေရပါတယ်။ အိန္ဒိယဝန်ကြီးချုပ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ပါကစ္စတန်ဝန်ကြီးချုပ် တက်ရောက်လာတာဟာ နျူကလီယား လက်နက်ပိုင်ဆိုင်တဲ့ အိမ်နီးချင်း ၂ နိုင်ငံကြား တင်းမာမှုတွေ လျော့ပါးလာတာကို ပြသတာဖြစ်နိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
XS
SM
MD
LG