သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ NGO ဝန်ထမ်း အမျိုးသမီးငါးဦး အုပ်စုလိုက် အဓမ္မပြုကျင့်ခံရ


 အိန္ဒိယနိုင်ငံမှာ ၈ နှစ်သမီး အဓမ္မပြုကျင့်ခံရတာကို ဆန့်ကျင်ကန့်ကွက်နေသူများ။ ( ဧပြီ ၁၃၊ ၂၀၁၈)
အိန္ဒိယနိုင်ငံမှာ ၈ နှစ်သမီး အဓမ္မပြုကျင့်ခံရတာကို ဆန့်ကျင်ကန့်ကွက်နေသူများ။ ( ဧပြီ ၁၃၊ ၂၀၁၈)

အိန္ဒိယနိုင်ငံအရှေ့ပိုင်း လူမျိုးစုဒေသ Jharkhand ခရိုင်က ကျေးလက်ဒေသတခုမှာ သေနတ်သမားတစုက ပရဟိတ အန်ဂျီအို ဝန်ထမ်း အမျိုးသမီး ငါးဦးကို လက်နက်နဲ့ ခြိမ်းခြောက်ခေါ်ဆောင်ပြီး အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့တယ်လို့ အိန္ဒိယအစိုးရအရာရှိတွေက ပြောပါတယ်။

လူကုန်ကူးမှု တားမြစ် အသိပညာပေးတဲ့ သရုပ်ပြအစီအစဉ်တခု လုပ်နေတဲ့အချိန် သေနတ်သမားတွေ ဝင်လာပြီး သူတို့ကို အဓမ္မ ခေါ်ဆောင်သွားခဲ့တာလို့ ခေါ်ဆောင်ခံခဲ့ရတဲ့ အမျိုးသမီးတွေက ရဲတပ်ဖွဲ့ကို ပြန်လည် ပြောပြခဲ့တာပါ။ ဒီအမျိုးသမီးတွေကတော့ ဒေသတွင်း ခရစ်ယာန်အသင်းတခုရဲ့ ထောက်ပံ့မှုနဲ့ လည်ပတ်နေတဲ့ Asha Kiran အန်ဂျီအိုအဖွဲ့က ဝန်ထမ်းတွေဖြစ်တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတွေ ကတော့ အဲဒီဒေသမှာ ပြင်ပက လူစိမ်းတွေ ဝင်ရောက်တာကို လက်မခံတဲ့ Pathalgadi အဖွဲ့ကို အားပေး ထောက်ခံသူတွေ ဖြစ်နိုင်တယ်လို့ ယူဆတဲ့အကြာင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က ဘက်စ်ကားတစင်းပေါ်မှာ ၂၀၁၂ ခုနှစ်တုန်းက အမျိုးသမီး တဦးကို လူတစုက အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ကြောင့် လူတွေအများအပြား ဒေါသထွက်ခဲ့ကြပြီး လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့သလို၊ တကမ္ဘာလုံးက အာရုံစိုက် စောင့်ကြည့်တာ ခံခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံမှာ ၂၀၁၆ ခုနှစ်အတွင်း အဓမ္မပြုကျင့်မှု ဖြစ်ရပ်ပေါင်း လေးသောင်း ရှိခဲ့ပြီး ဒါဟာ ၂၀၁၂ ခုနှစ်ကစလို့ ၆၀% တိုးလာခဲ့တာပါ။

မတရားပြုကျင့် ခံရသူတွေရဲ့ ၄၀ % ကတော့ အရွယ် မရောက်သေးတဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

အိန္ဒိယမှာ NGO ဝန်ထမ်း အမျိုးသမီး ၅ ဦး အုပ်စုလိုက် အဓမ္မပြုကျင့်ခံရ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG