သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Omicron ကူးစက်မှု အိန္ဒိယမှာ စတင်တွေ့ရှိပြီ


Virus Outbreak India (ယခင်မှတ်တမ်းဓါတ်ပုံ)
Virus Outbreak India (ယခင်မှတ်တမ်းဓါတ်ပုံ)

Omicron ကူးစက်မှု အိန္ဒိယမှာ စတင်တွေ့ရှိပြီ

{{Zawgyi/Unicode}}

အိန္ဒိယနိုင်ငံတောင်ပိုင်း Karnataka ပြည်နယ်မှာ Omicron မျိုးကွဲသစ် ကူးစက်သူ ၂ ယောက်ကို ပထမဆုံးအဖြစ် တွေ့ရှိကြောင်း ကျန်းမာရေး အရာရှိတွေ ကြာသပတေးနေ့က အတည်ပြုလိုက်ပြီး၊ ကာကွယ်ဆေးတွေ ထိုးထားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ပြည်ပကလာတဲ့ အသက် ၄၆ နှစ်နဲ့ ၆၆ နှစ်အရွယ် အမျိုးသား ၂ ဦးမှာ ရောဂါပိုး စစ်ဆေးတွေ့ရှိတာဖြစ်ကြောင်း ပြောပေမဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို မထိပါးစေချင်တဲ့အတွက် အိန္ဒိယနိုင်ငံသားလား၊ တခြားနိုင်ငံသားလား ဆိုတာကိုတော့ ပြောဆိုဖို့ ငြင်းဆန်ခဲ့ကြတာပါ။

ကူးစက်သူ အတည်ပြုလူနာ ၂ ယောက်စလုံးဟာ ရောဂါလက္ခဏာ ပြင်းထန်မှု မရှိကြောင်းနဲ့ သူတို့နဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေကိုလည်း နောက်ဆက်တွဲ စမ်းသပ်စစ်ဆေးနေကြောင်း ပြောပါတယ်။ အထိတ်တလန့် ဖြစ်ဖို့ မလိုပေမဲ့ သတိထားဖို့ လိုကြောင်းလည်း အိန္ဒိယဆေးသုတေသန ကောင်စီ အကြီးအကဲ Balram Bhargava က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ကူးစက်မြန် Delta မျိုးကွဲကြောင့် ဧပြီလနဲ့ မေလမှာ တကျော့ပြန် ကူးစက်မှုတွေနဲ့ အကြီးအကျယ် ကြုံခဲ့ရတဲ့ အိန္ဒိယနိုင်ငံမှာ ကူးစက်မှုတွေ လျော့လာချိန်မှာပဲ Omicron ပိုးသစ်ကူးစက်မှု တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ Omicron ပိုးသစ်ဟာ ကူးစက်မှုနှုန်း များနိုင်တဲ့အတွက် သတိပေးထားပါတယ်။ အိန္ဒိယနိုင်ငံမှာ နိုင်ငံတကာ လေကြောင်း ခရီးစဉ်တွေ ဒီဇင်ဘာလမှာ ပြန်စဖို့ မူလက စီစဉ်ထားပေမဲ့ ဗုဒ္ဓဟူးနေ့ကပဲ ရွှေ့ဆိုင်းခဲ့တာပါ။

ပြည်ပခရီးသွားတွေအပေါ် ပြည်ဝင်ခွင့် ကန့်သတ်ချက် ထုတ်ပြန်တာမျိုး မရှိပေမဲ့လည်း စမ်းသပ်စစ်ဆေးမှုတွေနဲ့ သီးသန့်နေထိုင်ရမယ့် သတ်မှတ်ချက်တွေကို တင်းကျပ်လိုက်ပါတယ်။

ကပ်ရောဂါ ကူးစက်မှု အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ နိုင်ငံတွေကလာတဲ့ ခရီးသွားတွေ အိန္ဒိယကို ရောက်လာတဲ့အခါ ဆေးစစ်ခံရမှာဖြစ်ပြီး အဖြေမသိရမချင်း လေဆိပ်က ထွက်ခွာခွင့်မပြုဖို့လည်း စည်းကမ်းတင်းကျပ်လိုက်ပါတယ်။

.....................................

Omicron ကူးစကျမှု အိန်ဒိယမှာ စတငျတှေ့ရှိပွီ

{{Unicode}}








XS
SM
MD
LG