သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-ပါကစ္စတန် သံတမန်တွေ အပြန်အလှန် မောင်းထုတ်


ပါကစ္စတန်- အိန္ဒိယ အလံ
ပါကစ္စတန်- အိန္ဒိယ အလံ

အိန္ဒိယနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ ပါကစ္စတန် သံတမန် ၆ ဦးကို သူလျှိုလုပ်မှုအပြင် သူ့မြေပေါ် အကြမ်းဖက်မှုကို ပံ့ပိုးနေတယ်လို့ အိန္ဒိယအစိုးရက စွပ်စွဲမှုကြောင့် ပြန်လည် ခေါ်ယူခဲ့ရပြီး ရက်သိပ်မကြာခင်မှာပဲ ပါကစ္စတန်က အိန္ဒိယ သံတမန် ၈ ဦးကို အလားတူ ပြစ်မှုတွေ ကျူးလွန်ကြောင်း စွပ်စွဲခဲ့ပါတယ်။

နျူကလီယား ပိုင်ဆိုင်တဲ့ အိမ်နီးချင်း ၂ နိုင်ငံကြား Kashmir နယ်စပ်မှာ စစ်တပ်ချင်း ပြဿနာ ဖြစ်ပွါးမှုတွေ ဆက်တိုက် ပေါ်ပေါက်နေတာမို့ ဒေသတွင်း နောက်ထပ် စစ်ပွဲကြီး ဖြစ်လာမှာကို စိုးရိမ်နေချိန်မှာ အခုလို အပြန်အလှန် စွပ်စွဲမှုတွေပေါ် ပေါက်လာတာ ဖြစ်ပါတယ်။

အိန္ဒိယ သံတမန်တွေနဲ့ အမှုထမ်း အများအပြားဟာ RAW လို့ခေါ်တဲ့ အိန္ဒိယ ထောက်လှန်းရေးရဲ့ သုတေသနဆိုင်ရာ ဌာနနဲ့ IB ထောက်လှန်းရေး ဗျူရို က ဖြစ်ကြောင်းတွေ့ရပြီး သူတို့ဟာ သံတမန်ရေး အကြောင်းပြပြီး ပါကစ္စတန်မှာ အကြမ်းဖက်သမားတွေနဲ့ပူးပေါင်း ဆောင်ရွက်တာအပြင် သစ္စာဖေါက်လုပ်ရပ်တွေနဲ့ ဆက်နွယ်နေတာ တွေ့ရတယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Nafees Zakaria က ကြာသပတေးနေ့က အစ္စလန်မာဘတ် Islamabad မှာ ပြောကြားခဲ့တာပါ။

ဒါ့အပြင် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အကြံပေး Rajesh Kumar Agnihotri ဟာ အစ္စလန်မာဘတ်က RAW ဌာနရဲ့ အကြီးအကဲ ဖြစ်ကြောင်း တွေ့ရှိရတယ်လို့လည်း ပြောပါတယ်။

အခုလို ပါကစ္စတန်ဘက်က စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး ဒါဟာ အခြေအမြစ် မရှိဘူးလို့ အိန္ဒိယ ဘက်က ပြောပြီး ငြင်းဆိုခဲ့ပါတယ်။

အိန္ဒိယ-ပါကစ္စတန် သံတမန်တွေ အပြန်အလှန် မောင်းထုတ်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG