သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ပါကစ္စတန် ဆက်ဆံရေးသစ် မျှော်လင့်ဖွယ်ရှိ

SAARC ထိပ်သီးစည်းဝေးပွဲ တက်ရောက်နေကြတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် Yousuf Raza Gilani (ယာ)၊ အိန္ဒိယဝန်ကြီးချုပ် Manmohan Singh (ဝဲ)။ (နိုဝင်ဘာလ ၁၀၊ ၂၀၁၁)
SAARC ထိပ်သီးစည်းဝေးပွဲ တက်ရောက်နေကြတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် Yousuf Raza Gilani (ယာ)၊ အိန္ဒိယဝန်ကြီးချုပ် Manmohan Singh (ဝဲ)။ (နိုဝင်ဘာလ ၁၀၊ ၂၀၁၁)

အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံတို့အကြား တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ တောင်အာရှနိုင်ငံတွေက အားပေး တိုက်တွန်းနေကြပါတယ်။ အဲဒီလိုဆွေးနွေးတာဟာ အားပြိုင်နေတဲ့ နိုင်ငံနှစ်နိုင်ငံအကြား ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်နိုင်လိမ့်မယ်လို့ ပြောပါတယ်။

အဖွဲ့ဝင် ၈ နိုင်ငံပါတဲ့ တောင်အာရှဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ SAARC ရဲ့ နှစ်ရက်ကြာ အစည်းအဝေးကို မော်လ်ဒိုက်ဗ် နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။

နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံကြီးနှစ်နိုင်ငံအကြား တိုးတက်ဖြစ်ထွန်းမှုရရှိအောင် ဆွေးနွေးကြဖို့ တိုက်တွန်းချက်ကို မော်လ်ဒိုက်ဗ်နိုင်ငံ သမ္မတ မိုဟာမက်နာရှိ က ကြိုဆိုပါတယ်။

ဆွေးနွေးပွဲကာလအတွင်း အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ ပါကစ္စတန် ဝန်ကြီးချုပ် ယူဆွတ် ရာဇာဂီလာနီ တို့ဟာ ကြာသပတေးနေ့မှာ အလွတ်သဘော တွေ့ဆုံခဲ့ကြပါတယ်။ မစ္စတာဆင်းက ပါကစ္စတန်ဝန်ကြီးချုပ် မစ္စတာ ဂီလာနီကို ငြိမ်းချမ်းရေးသမားအဖြစ် ခေါ်ဆိုထောပနာပြုခဲ့တာပါ။

နှစ်နိုင်ငံခေါင်းဆောင်တွေက အနာဂတ်ဆွေးနွေးပွဲမှာ ကွဲလွဲချက်တွေရှိနေတဲ့ အကြမ်းဖက်မှုကိစ္စ၊ ရေပိုင်နက်ခွဲေ၀ ပိုင်ဆိုင်မှုကိစ္စ၊ ကက်ရှ်မီးယားဒေသ နယ်မြေအငြင်းပွားနေတဲ့ ကိစ္စတွေကို ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုကြပါတယ်။

သောကြာနေ့မှာတော့ အိန္ဒိယဝန်ကြီးချုပ် ဆင်းဟာ အာဖဂန်နစ္စတန်နိုင်ငံသမ္မတ ဟာမစ်ခါဇိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

This item is part of
XS
SM
MD
LG