သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ၊ ပါကစ္စတန် ငြိမ်းချမ်းရေး ဆွေးနွေး

အိန္ဒိယ၊ ပါကစ္စတန် ငြိမ်းချမ်းရေး ဆွေးနွေး
အိန္ဒိယ၊ ပါကစ္စတန် ငြိမ်းချမ်းရေး ဆွေးနွေး

အိန္ဒိယနဲ့ ပါကစ္စတန်ကြားမှာ ဆက်ဆံရေး တိုးတက် ကောင်းမွန်စေဖို့နဲ့ အရှိန်နှေးနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ရှေ့တိုးစေဖို့ ရည်ရွယ်ချက်နဲ့ ၂ နိုင်ငံ တာဝန်ရှိသူတွေ အိန္ဒိယနိုင်ငံ နယူးဒေလီ (New Delhi) မြို့တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ဂျီ ကေ ပီလိုင် (G K Pillai) နဲ့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး ချောင်ဒရီ ကာမာ ဇာမန် (Chaudhary Qamar Zaman) တို့ရဲ့ တွေ့ဆုံမှုမှာ ၂၀၀၈ မွမ်ဘိုင်း (Mumbai) မြို့ အကြမ်းဖက် တိုက်ခိုက်ခံရမှု ကိစ္စနဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး၊ ပြည်ဝင်ခွင့်ဗီဇာ လျှော့ပေါ့ရေးတွေ ပါဝင်တဲ့ ကိစ္စရပ် တော်တော်များများနဲ့ ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

ပထမရက် ဆွေးနွေးပွဲဟာ အင်မတန် အပြုသဘော ဆောင်တယ်လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ကျရင် အိန္ဒိယနဲ့ ပါကစ္စတန်ကြား ကစားကြမယ့် ကမ္ဘာ့ ခရစ်ကက် (Cricket) ဆီမီးဖိုင်နယ်ပွဲ ကြည့်ဖို့ ပါကစ္စတန် ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) ကို အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်း (Manmohan Singh) က ဖိတ်ကြားထားပါတယ်။ ခေါင်းဆောင် ၂ ယောက် ခရစ်ကက်ပွဲကို ပန်ဂျပ်ပြည်နယ်မှာ ကြည့်ကြဖို့ စီစဉ်ထားပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ ၂၀၀၈ ခုနှစ်က မွမ်ဘိုင်းမြို့မှာ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီး ကတည်းက ပျက်သွားခဲ့တာပါ။

လူပေါင်း ၁၆၆ ယောက် သေဆုံးခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုဟာ ပါကစ္စတန်မှာ အခြေစိုက်တဲ့ အကြမ်းဖက် အဖွဲ့တွေရဲ့ လက်ချက်လို့ အိန္ဒိယဘက်က စွပ်စွဲထားပါတယ်။

This item is part of
XS
SM
MD
LG