သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယစစ်သားနှစ်ဦး အသတ်ခံရမှု ပါကစ္စတန်ကို သတိပေး


နယ်စပ်မှာ ပါကစ္စတန်စစ်သားတွေက သတ်ခဲ့တယ်လို့ ယူဆရတဲ့ အိန္ဒိယစစ်သည်နှစ်ဦးရဲ့ ရုပ်ကလာပ်များကို ပြန်လည်သယ်ဆောင်လာစဉ်။
နယ်စပ်မှာ ပါကစ္စတန်စစ်သားတွေက သတ်ခဲ့တယ်လို့ ယူဆရတဲ့ အိန္ဒိယစစ်သည်နှစ်ဦးရဲ့ ရုပ်ကလာပ်များကို ပြန်လည်သယ်ဆောင်လာစဉ်။
အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံအကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ ပါကစ္စတန်တပ်ဖွဲ့တွေက အိန္ဒိယစစ်သား နှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ဖြစ်ရပ်အတွက် အိန္ဒိယက ပါကစ္စတန်ကို တရားဝင် ကန့်ကွက်လိုက်ပါတယ်။ ပါကစ္စတန်က တော့ သူတို့နဲ့ မပတ်သက်ဘူူးလို့ ငြင်းထားပါတယ်။

အင်္ဂါနေ့က အဲဒီဖြစ်ရပ်အတွက် အပြင်းအထန် ကန့်ကွက်တဲ့အကြောင်း အိန္ဒိယက ပါကစ္စတန်ကို ပြောထားတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Salman Khurshid က ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။ သေဆုံးသွားတဲ့ စစ်သားနှစ်ယောက်ရဲ့ ခန္ဓာကိုယ်တွေဟာ ရက်စက်ဆိုးရွားပြီး လူသားမဆန်စွာ ပုံပျက်ပန်းပျက် ဖျက်ဆီးခံထားရတယ်လို့ အိန္ဒိယက ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေအားလုံးကို ချိုးဖောက်တယ်လို့လည်းဆိုပါတယ်။

တချိန်ထဲမှာပဲ ဒီဖြစ်ရပ်ကြောင့် နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လမ်းချော်မသွားသင့် ဘူးလို့လည်း ဝန်ကြီး Khurshid က ပြောပါတယ်။
သေဆုံးတဲ့ စစ်သားနှစ်ယောက်ထဲက တယောက်ရဲ့အလောင်းကို ခေါင်းဖြတ်ထားတယ်ဆိုတာ အိန္ဒိယစစ်တပ် ပြောရေးဆိုခွင့် ရှိသူတဦးက ဗုဒ္ဓဟူးနေ့မှာ အတည်ပြု ပြောဆိုခဲ့ပါတယ်။
ပါကစ္စတန်စစ်ဘက်တာဝန်ရှိသူတွေက ဖြစ်ရပ်ကို သူတို့ စုံစမ်းစစ်ဆေးခဲ့ပြီး အိန္ဒိယကစွပ်စွဲထားတဲ့အတိုင်း မှန်တယ်ဆိုတဲ့ ဘယ်လို အထောက်အထားမျိုးကိုမှ မတွေ့ရဘူးလို့ ပြောပါတယ်။
XS
SM
MD
LG