သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကက်ရှ်မီးယားမှာ အိန္ဒိယနဲ့ပါကစ္စတန် တိုက်ခိုက်မှုဖြစ်


အိန္ဒိယနဲ့ပါကစ္စတန် နယ်စပ်စစ်ဆေးရေးဂိတ်တခု။
အိန္ဒိယနဲ့ပါကစ္စတန် နယ်စပ်စစ်ဆေးရေးဂိတ်တခု။
အိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသ နယ်စပ်တနေရာမှာ ပါကစ္စတန်ဘက်က ပစ်ခတ်မှုကြောင့် အိန္ဒိယတပ်သား နှစ်ဦး ကျဆုံးတယ်လို့ အိန္ဒိယဘက်က ပြောဆိုလိုက်ပါတယ်။

အဲဒီဒေသဟာ လွန်ခဲ့တဲ့ နှစ်ရက်က ပါကစ္စတန်တပ်သား တစ်ဦး ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ ပါကစ္စတန်ဘက်က ပြောခဲ့တဲ့ နေရာဖြစ်ပါတယ်။

အိန္ဒိယစစ်တပ်ရဲ့အဆိုအရ အင်္ဂါနေ့က အိန္ဒိယတပ်တွေ မင်ဒဟာမြို့နားမှာ ကင်းလှည့်နေတုန်း ပါကစ္စတန်တပ်တွေက အိန္ဒိယဘက်က ထိမ်းချုပ်ထားတဲ့ ကက်ရှ်မီးယား နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက အဲဒီတိုက်ခိုက်မှုအပေါ် ရန်လိုတဲ့ အပြုအမူလို့ စွပ်စွဲလိုက်ပြီး နှစ်ဘက် အပစ်ရပ် သဘောတူညီချက်ကို ပါကစ္စတန်ဘက်က လေးစာလိုက်နာဖို့ တိုက်တွန်းလိုက်ပါတယ်။

ပါကစ္စတန်စစ်တပ်က အိန္ဒိယစစ်တပ်ရဲ့စွပ်စွဲချက်အပေါ် ငြင်းဆိုလိုက်ပါတယ်။ ဒါဟာ ပါကစ္စတန် စစ်တပ် လုံခြုံရေးကင်းကို အိန္ဒိယတပ်တွေ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စီးနင်းတိုက်ခိုက်ခဲ့တဲ့အပေါ် ကမ္ဘာရဲ့ အာရုံစိုက်မှုကနေလွတ်အောင် လုပ်ကြံပြောဆိုတာလို့ တုံ့ပြန်လိုက်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ပါကစ္စတန်စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
XS
SM
MD
LG