သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနဲ့ပါကစ္စတန် Kashmir မှာ အပြန်အလှန်ပစ်ခတ်


ပါကစ္စတန်ဘက်က ပစ်တဲ့ကျည်ထိမှန်တယ်ဆိုပြီး ဇလုံက ကျည်ပေါက်ရာတွေကို ပြနေတဲ့ ရန်ဘီယာ ဆင်းဂ် ပူရာခရိုင်အတွင်းက ဂျိုရာ ဖမ်း ကျေးရွာသူတစ်ဦး။ (သြဂုတ် ၂၃၊ ၂၀၁၄)
ပါကစ္စတန်ဘက်က ပစ်တဲ့ကျည်ထိမှန်တယ်ဆိုပြီး ဇလုံက ကျည်ပေါက်ရာတွေကို ပြနေတဲ့ ရန်ဘီယာ ဆင်းဂ် ပူရာခရိုင်အတွင်းက ဂျိုရာ ဖမ်း ကျေးရွာသူတစ်ဦး။ (သြဂုတ် ၂၃၊ ၂၀၁၄)

အငြင်းပွားနေတဲ့နယ်စပ်ဒေသမှာ အိန္ဒိယနဲ့ ပါကစ္စတန်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် ကက်ရှ်မီးယား ရွာသား အနည်းဆုံး လေးဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။

အိန္ဒိယဖက်ခြမ်းက နှစ်ဦးနဲ့ ပါကစ္စတန်ဖက်မှာ နှစ်ဦး သေဆုံးခဲ့တာလို့ စစ်အရာရှိတွေက ပြောပါတယ်။

စနေနေ့မနက် အစောပိုင်းထိ တချို့နေရာတွေမှာ တိုက်ပွဲတွေ ကြိုကြားဖြစ်နေပြီး တဖက်နဲ့တဖက် ဘယ်သူက အရင်စတင်တယ်ဆိုပြီးတော့လည်း တဖက်နဲ့ တဖက် အပြန်အလှန် စွပ်စွဲပြောဆိုနေပါတယ်။

ဒီအပတ်အစောပိုင်းမှာ အိန္ဒိယဆိုင်ရာ ပါကစ္စတန် သံအမတ်က ကက်ရ်ှမီးယား ခွဲထွက်သူတွေကို တွေ့ဆုံခဲ့တာကြောင့် အိန္ဒိယဖက်က ပါကစ္စတန်နဲ့ တွေ့ဆုံဖို့ အစီအစဉ်ကို ပယ်ဖျက်အပြီး တဖက်နဲ့တဖက်ကြား တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။

ပါကစ္စတန်က အိန္ဒိယရဲ့ဒီဆုံးဖြတ်ချက်ဟာ နှောင့်နှေးကြံ့ကြာစေပြီး ပါကစ္စတန်အနေနဲ့ ကက်ရှ်မီးယား ခေါင်းဆောင်တွေနဲ့တွေ့ဆုံတာဟာ အိန္ဒိယ ပါကစ္စတန် အစည်းအဝေးမှာ ကက်ရှ်မီးယားကိစ္စ ပြေပြေလည်လည် အဖြေရှာနိုင်အောင်သာ ဖြစ်တယ်လို့ ပြောပါတယ်။

ကက်ရှ်မီးယားဒေသဟာ အိန္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံနယ်နိမိတ်ပေါ်မှာရှိနေပြီး ဟင်းမလီယားဒေသကို သူပိုင်ကိုယ်ပိုင် အငြင်းပွါးနေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG