သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-ပါကစ္စတန် အထွေထွေညီလာခံမှာ အချေအတင်


Shah Mahmood Qureshi - Sushma Swaraj
Shah Mahmood Qureshi - Sushma Swaraj

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj ဆူရှမာ ဆွာရာ့ချ် ဟာ မနေ့ စနေနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင်း မိန့်ခွန်းပြောကြားရာမှာပါကစ္စတန်နိုင်ငံရဲ့ လုပ်ရပ်ကို ဝေဖန်ပြောကြား ခဲ့ပြီး နှစ်နိုင်ငံဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဆက်လက်ပြီး လမ်းတွေဖွင့်ထားကြောင်း ပြောသွားပါတယ်။

အိန္ဒိယနိုင်ငံပိုင် Kashmir ပြည်နယ်ဘက်ခြမ်းမှာ ရှိနေတဲ့ ခွဲထွက်ရေး အစွန်းရောက် မွတ်စလင် စစ်သွေးကြွတွေ ကို ပါကစ္စတန်ဘက်က အားပေးအားမြှောက်ပြုနေတယ်လို့ အရင်အချိန်ကြာမြင့်စွာ ကတည်းက အိန္ဒိယက စွပ်စွဲ ပြောဆိုခဲ့တာပါ။ စစ်သွေးကြွတွေဟာ မကြာခဏဆိုသလို အိန္ဒိယ ပိုင်နက်ထဲ ရှိနေတဲ့ မြို့တွေ၊ အချက်အချာ ကျတဲ့ မြို့ကြီးတွေထဲ အကြမ်းဖက် တိုက်ခိုက်တာ တွေကြောင့် ထိခိုက်သေဆုံးမှု အမြောက်အများရှိခဲ့တာပါ။

ပါကစ္စတန်နိုင်ငံဟာ လူသတ်သမားတွေကို ချီးမွမ်း အားပေးထောက်ခံနေပြီး အပြစ်မဲ့သူတွေ ထိခိုက်သေဆုံးနေ တာတွေကိုတော့ မတွေ့မမြင်ယောင်ဆောင်နေတယ်လို့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး Swaraj က ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ပြောသွားပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန် ပထမဆုံးအကြိမ် နှစ်နိုင်ငံအဆင်မြင့် ဆွေးနွေးပွဲပြုလုပ်ဖို့ လျာထားတဲ့အစီအစဉ်ကို ဒီလအစောပိုင်းက အိန္ဒိယဘက်က ဖျက်သိမ်းခဲ့ပြီး အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အသတ်ခံရမှု ကြောင့်တုံ့ပြန်ဆန္ဒပြတာဖြစ်တယ်လို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။

အလားတူစနေနေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mehmood Qureshi က မိန့်ခွန်းပြောကြားရာမှာ အိန္ဒိယဘက်ကို တုံ့ပြန်ဝေဖန်ပြောဆိုသွားပါတယ်။ ခိုင်လှုံမှုမရှိတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံပြီး အိန္ဒိယအစိုးရဘက်က နှစ်နိုင်ငံဆွေးနွေးပွဲကို ဖျက်ခဲ့ကြောင်းနဲ့ ငြိမ်းချမ်းရေးထက် နိုင်ငံရေးကစားကွက်ကို အိန္ဒိက ပိုပြီးလိုလားခဲ့ကြောင်း သူရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောသွား ပါတယ်။ ဒါအပြင် အကြမ်းဖက်ဝါဒကို အိန္ဒိယကသာ ထောက်ခံအားပေးနေတာဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးက စွပ်စွဲပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG