သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-ပါကစ္စတန် ဝန်ကြီးချင်းတွေ့ဆုံရေး အိန္ဒိယပယ်ချ


Imran Khan
Imran Khan

အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးတွေ ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပမှာ ရှားရှားပါးပါးတွေ့ဆုံဖို့ စီစဉ်ထားတာကို အိန္ဒိယနိုင်ငံဘက်က သောကြာနေ့မှာ ပယ်ဖျက်လိုက်ပါတယ်။ တွေ့ဆုံပွဲလုပ်ဖြစ်မယ်လို့ ပြောအပြီး နောက်တရက်မှာပဲ အခုလို ပယ်ဖျက်လိုက်တာဖြစ်ပြီး ဒီအပေါ် ပါကစ္စတန်က အပြင်းအထန် တုန့်ပြန်ပါတယ်။ တွေ့ဆုံမယ့်အစီအစဉ်ကို ဖျက်လိုက်တဲ့အပေါ် အိန္ဒိယနိုင်ငံခြားရေးဌာနက “မိမိတို့ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပါကစ္စတန်အခြေ စိုက်အဖွဲ့တွေက သိပ်မကြာသေးခင်ကပဲ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ”၊ “အကြမ်းဖက် ဝါဒီနဲ့ အကြမ်းဖက်ဝါဒ” ကို ဂုဏ်တင် ဖော်ပြရိုက်နှိပ်ထားတဲ့ တံဆိပ်ခေါင်းတွေကို မကြာသေးခင်က ထုတ်ဝေလိုက် တာတွေကို အကြောင်းပြထားပါတယ်။ မကြာသေးခင်ကလုပ်ရပ်တွေဟာ ပါကစ္စတန်နိုင်ငံရဲ့ “ဆိုးသွမ်းယုတ်မာတဲ့ အကြံအစည်”နဲ့ ဝန်ကြီးချုပ်သစ် Imran Khan ရဲ့ “တကယ့်သဘောထား” ကို ထုတ်ဖော်လိုက်တာပဲဖြစ်တယ်လို့လည်း ပြောပါတယ်။ တွေ့ဆုံပွဲကိုဖျက်လိုက်တဲ့အပေါ် “အထူးပဲ စိတ်ပျက်ရတယ်” လို့ ပါကစ္စတန်ကပြောပြီး ဝန်ကြီးချုပ် Khan ကို အခုလိုပြောဆိုတာ ဟာ “ယဉ်ကျေးတဲ့ ပြောဆိုမှုဆိုင်ရာနဲ့ သံခင်းတမန်ခင်း ဆက်သွယ်ရေးဆိုင်ရာ စံသတ်မှတ်ချက်တွေအားလုံးနဲ့ ဆန့်ကျင်နေတယ်”လို့ တုန့်ပြန်ပါတယ်။ ဘယ်လိုသတ်ဖြတ်မှုတွေ ဆိုတာကို အိန္ဒိယက တိတိကျကျမပြောပါဘူး။ ဒါပေမဲ့ ဒီသီတင်းပတ် အစောပိုင်း တုန်းကတော့ ပိုင်ဆိုင် မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ အိန္ဒိယနယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦး အသတ်ခံရပြီး သူ့အလောင်းကိုလည်း အပိုင်းပိုင်း ခုတ်ဖြတ်ထားတဲ့ဖြစ်ရပ် ဖြစ်ထားဖူးပါတယ်။

please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG