သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပန်ဂျပ်ပြည်နယ်လယ်သမားများ နယူးဒေလီ လယ်သမားဆန္ဒပြပွဲနဲ့ပူးပေါင်း


အိန္ဒိယလယ်သူမများက ပြုပြင်ပြောင်းလဲထားတဲ့ လယ်ယာမြေဥပဒေသစ်ကို ဆန့်ကျင်ဆန္ဒပြပွဲ
အိန္ဒိယလယ်သူမများက ပြုပြင်ပြောင်းလဲထားတဲ့ လယ်ယာမြေဥပဒေသစ်ကို ဆန့်ကျင်ဆန္ဒပြပွဲ

ZawGyi/Unicode

အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်၊ Tarn Taran ခရိုင်က ရာပေါင်းများစွာသော လယ်သမားတွေဟာ နယူးဒေလီမြို့တော်မှာ ဆန္ဒပြနေတဲ့ လယ်သမားတွေနဲ့ ပူးပေါင်းဖို့ ဒီကနေ့ ထွက်လာကြပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာအတွင်း လယ်ယာလုပ်ငန်းဆိုင်ရာ အကြီးမားဆုံး ပြုပြင်ပြောင်းလဲမှုအစီအစဉ်ဟာ သူတို့ကို ထိခိုက်နစ်နာစေတယ်ဆိုပြီး နယူးဒေလီမြို့တော်အပြင်ဘက် နေရာသုံးခုမှာ ဒီဇင်ဘာလကတည်းက လယ်သမားအမြောက်အများနဲ့ သူတို့မိသားစုဝင်တွေ စခန်းချပြီး ဆန္ဒပြနေကြတာပါ။

ဆန္ဒပြလယ်သမားတွေထဲကနေ သူတို့စိုက်ပျိုးထားတွေကို စောင့်ရှောက်ရိတ်သိမ်းဖို့ သက်ဆိုင်ရာဒေသကို ပြန်ကြရတဲ့သူတွေကိုလည်း လယ်သမားတွေက လယ်ထွန်စက်တွေမောင်းပြီး လိုက်နှုတ်ဆက်ပို့ဆောင်ကြပါတယ်။

ဒေသတခုက လယ်သမားတွေ ပြန်ရမယ်ဆိုရင် နောက်ဒေသတခုက လယ်သမားတွေ အစားထိုး နေရာဝင်ယူပြီး အလှည့်နဲ့ ဆက်ပြီးဆန္ဒပြသွားမယ်လို့ လယ်သမားတွေက ပြောပါတယ်။

လယ်ယာလုပ်ငန်း ပြုပြင်ပြောင်းလဲမှုကြောင့် ကြီးမားပြီး ခေတ်မမီတော့တဲ့ လယ်ယာကဏ္ဍအတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေ ရလာမယ်၊ ထုတ်ကုန်ရောင်းချမှု တိုးတက်လာမယ်၊ အလေအလွင့်တွေကိုလည်း လေ ျှာ့ချနိုင်မယ်လို့ အိန္ဒိယအစိုးရကပြောပါတယ်။

ပြုပြင်ပြောင်းလဲရေး ဥပဒေတွေကို ၁၈ လကြာ ဆိုင်းငံ့ထားမယ်လို့ ဝန်ကြီးချုပ် Narendra Modi အစိုးရက ကမ်းလှမ်းခဲ့ပေမယ့် လယ်သမားတွေက လက်မခံဘဲ လုံးဝဖျက်သိမ်းပစ်ဖို့ တောင်းဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်


Unicode








#IndiaFarmerStrike #IndiaPolitics #VOABurmese

XS
SM
MD
LG