သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်ရည်ယို ဆေးဖြန်း မှုကြောင့် အိန္ဒိယ ပါလီမန် ရပ်ဆိုင်းလိုက်ရ


ပါလီမန်အတွင်း ငရုတ်ရည်အဖြန်းခံရလို့ မျက်စိထိသွားသူ အမတ်တစ်ဦး။ ( ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၄)
ပါလီမန်အတွင်း ငရုတ်ရည်အဖြန်းခံရလို့ မျက်စိထိသွားသူ အမတ်တစ်ဦး။ ( ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၄)
အိန္ဒိယလွှတ်တော်မှာ အငြင်းပွားဖွယ်ရာကိစ္စရပ်တခုအတွက် ဒီကနေ့ မဲပေးကြဖို့ ပြင်ဆင်နေချိန်မှာ လွှတ်တော်အမတ်တယောက်က Pepper Spray ခေါ် ငရုတ်ရည် Spray ဗူး နဲ့ မျက်ရည်ယိုအောင်ဖြန်းလိုက်တာကြောင့် ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရပါတယ်။

အိန္ဒိယနိုင်ငံ၊ Andhra Pradesh ပြည်နယ်က Telangana ဒေသကို သီးခြားပြည်နယ်အဖြစ် သတ်မှတ်ရေး လွှတ်တော်မှာ ဒီကနေ့ မဲခွဲကြဖို့ဖြစ် ပါတယ်။ Andhra Pradesh ပြည်နယ်ရဲ့ မြို့တော် Hyderabad မြို့မှာ Google နဲ့ Microsoft လို ကွန်ပျူတာနည်းပညာ ကုမ္မဏီကြီးတွေ ရုံးစိုက်တဲ့မြို့ လည်းဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေ မဲမပေးခင်မှာ အမတ် L. Rajagopal က Pepper Spray ခေါ် Spray ဗူးနဲ့ ငရုတ်သီးမှုန့် အရည်ဖြန်းခဲ့တာလို့ စွပ်စွဲထားပါတယ်။
Mr. Rajagopal က Pepper Spray နဲ့ ဖြန်းလိုက်တဲ့အတွက် လွှတ်တော်တွင်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး မဲပေးတာကိုလည်း ရပ်ဆိုင်းခဲ့ရတယ်လို့ သတင်းတွေမှာဖေါ်ပြကြပါတယ်။ မျက်ရည်ယို Pepper Spray ငရုတ်ရည်နဲ့ အဖြန်းခံရတဲ့ လွှတ်တော်အမတ်အတော်များများကို ဆေးရုံပို့လိုက်ရပါတယ်။


Andhra Pradesh ပြည်နယ်က ချမ်းသာကြွယ်ဝလှတဲ့ သူဌေးကြီးလည်းဖြစ်၊ လွှတ်တော်အမတ်လည်းဖြစ်တဲ့ Rajagopal က သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ အတွက် မျက်ရည်ယို Pepper Spray ငြုတ်ရည်နဲ့ ဖြန်းခဲ့ရတာလို့ တုန့်ပြန်လိုက်တဲ့အကြောင်း အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။
XS
SM
MD
LG