သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဝန်ကြီးချုပ် အိမ်ဖြူတော်မှာ အိုဘားမားနဲ့ ဆွေးနွေး


အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကို အမေရိကန်သမ္မတ Barack Obama က အိမ်ဖြူတော်မှာ အင်္ဂါနေ့က တေ့ွဆုံခဲ့ပြီး ၂ နိုင်ငံကြား လုံခြုံရေးနဲ့ စီးပွားဆက်ဆံရေး တိုးတက်စေဖို့နဲ့ ပြီးခဲ့တဲ့နှစ်က ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ရရှိခဲ့တဲ့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ သဘောတူညီမှုတွေကို အကောင်အထည်ဖော်ရေး မဟာဗြုဟာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

Paris သဘောတူညီမှုတွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုလုပ်ကြမလဲဆိုတာ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ အိုဘားမားက ဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရာသီဥတုပြောင်းလဲမှု၊ နျူကလီးယားလုံခြုံရေး၊ အကြမ်းဖက်မှု စတဲ့ ကမ္ဘာကြီးနဲ့ဆိုင်တဲ့ ကိစ္စရပ်တော်တော်များများမှာ အမေရိကန်နဲ့ အိန္ဒိယ အစိုးရတို့က ပူးပေါင်း ဆောင်ရွက်နေကြတယ်လို့ ဝန်ကြီးချုပ် မိုဒီးကလဲ ပြောကြားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ရရှိခဲ့တဲ့ Paris သဘောတူညီချက်က စက်မှုထွန်းကားချိန်တွေ မရောက်ခင်ကာလက ရှိခဲ့တဲ့ ကမ္ဘာ့အပူချိန်ရဲ့အောက် ၂ ဒီကရီ Celsius အထိ ပြန်ရောက်အောင် ကမ္ဘာကြီးပူနွေးစေတဲ့ ကာဘွန်ဓါတ်ငွေ့တွေ ထုတ်လွှတ်မှုကို လျှော့ချကြဖို့ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ဖန်လုံအိမ်ဓါတ်ငွေ့ ၅၅% ထုတ်လွှတ်နေတဲ့ နိုင်ငံပေါင်း ၅၅ နိုင်ငံက ဒီသဘောတူညီချက်မှာ ပါဝင်လက်မှတ်ထိုးပြီးတာနဲ့ ဒီသဘောတူညီချက် အသက်ဝင်မှာဖြစ်ပါတယ်။ တရုတ်နဲ့ အမေရိကန်ပြီးရင် အိန္ဒိယနိုင်ငံဟာ ကာဘွန်ဓါတ်ငွေ့ တတိယအများဆုံး ထုတ်လွှတ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် အိမ်ဖြူတော်မှာ အိုဘားမားနဲ့ ဆွေးနွေး
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်
အိန္ဒိယဝန်ကြီးချုပ် အိမ်ဖြူတော်မှာ အိုဘားမားနဲ့ ဆွေးနွေး
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG