သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာဟူးလ်ဂန္ဒီ အိန္ဒိယ ဝန်ကြီးချုပ် အဖြစ် အရွေးခံမည်မဟုတ်


မိခင်ဖြစ်သူ Sonia Gandhi (ယာ)နဲ့ သားဖြစ်သူ Rahul Gandhi (ဝဲ)
မိခင်ဖြစ်သူ Sonia Gandhi (ယာ)နဲ့ သားဖြစ်သူ Rahul Gandhi (ဝဲ)
အိန္ဒိယနိုင်ငံ နိုင်ငံရေးလောကရဲ့ အထင်ကရ အမျိုးသမီးကြီးက သူမရဲ့သားဖြစ်သူကို လာမယ့် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် အဖြစ် အမည်စာရင်း တင်သွင်းမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
အာဏာရ ကွန်ဂရက်အိုင် ပါတီအတွင်း အစည်းဝေးကျင်းပခဲ့ပြီး သဘောတူညီချက် ရရှိခဲ့ပြီးတဲ့ နောက်တနေ့မှာ သူမရဲ့ သားဖြစ်သူ ရာဟူး Rahul ကို ပါတီရဲ့ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်တင်သွင်းမှာ မဟုတ်တဲ့အကြောင်း မစ္စဆူနီယာ ဂန္ဒီက သောကြာနေ့မှာ ပြောဆိုလိုက်တာပါ။

ဒါဟာနောက်ဆုံး မပြင်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ သူမက ပြောပါတယ်။
ကြိုတင်ကောက်ခံနေတဲ့ ရွေးကောက်ပွဲ အနိုင်ရှုံးစစ်တမ်းတွေအရ ကွန်ဂရက်အိုင်ပါတီဟာ အတိုက်ခံ ဘာရာတီယာ ဂျနာတား ပါတီ Bharatyia Janata Party ရဲ့နောက်မှာရောက်နေပါတယ်။ စီးပွားရေးနှေးကွေးနေမှုတွေ အဂတိလိုက်စား မှုတွေကြောင့် မဲဆန္ဒပေးသူတွေ မကြိုက်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

နရင်ဒရာ မိုဒီ Narendra Modi ဦးဆောင်တဲ့ BJP ပါတီဟာ မကြာခင်က ပြုလုပ်ခဲ့တဲ့ ပြည်နယ် ရွေးကောက်ပွဲတွေမှာ ကွန်ဂရက်စ် ပါတီကို ရှုံးနိမ့်ခဲ့တြ့အကြောင်း ပြောပါတယ်။ မိုဒီဟာ အနောက် ဂူဂျာရတ်ပြည်နယ်ရဲ့ ဝန်ကြီးချုပ် ဖြစ်ပါတယ်။

သူရာထူးရလာခဲ့တဲ့ ၂၀၀၂ ခုနှစ် နောက်ပိုင်းဖြစ်ပွားခဲ့တဲ့ မွတ်ဆလင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ဘူးလို့ စွတ်စွဲခံနေရသူလည်းဖြစ်ပါတယ်။ အဲဒီ့ပြည်နယ်မှာ အကြမ်းဖက် မှုတွေဖြစ်ပွားခဲ့ပြီး လူပေါင်းတထောင်ကျော် သေဆုံးခဲ့ရပါတယ်။
XS
SM
MD
LG