အိန္ဒိယနိုင်ငံရဲ့ လူမှုဖူလုံရေးအစီအစဉ်မှာ လိမ်လည်မှုကြီးတွေနဲ့ ခိုးယူမှုတွေကို ကျော်လွှားနိုင်ရေးအတွက် ဆင်းရဲသားတွေကို ငွေကြေး အထောက်အပံ့ ပေးမယ်ဆိုပြီး ရည်မှန်းချက်ကြီးလှတဲ့ အစီအစဉ်တွေ ရှိနေပါတယ်။
ငတ်မွတ် ခေါင်းပါးမှုကို တားဆီးနိုင်ဖို့အတွက် အများပြည်သူအတွက် စားနပ်ရိက္ခာဖြန့်ဖြူးရေး ကမ္ဘာ့အကြီးဆုံးစနစ်ကို အိန္ဒိယနိုင်ငံက လုပ်နေတာပါ။ ဒါပေမဲ့လည်း အဲဒီလို မျှဝေထောက်ပံ့တဲ့ ဒေါ်လာဘီလီယမ်ပေါင်းများစွာဟာ ဆင်းရဲသားတွေဆီ ဘယ်တုန်းကမှ ရောက်မသွားဖူးပါဘူး။ ဒီအကြောင်း နယူးဒေလီမြို့တော်ကနေ ဗွီအိုအေသတင်းထောက် Anjana Pasricha ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ဒီသီတင်းပတ်ရဲ့ စီးပွားရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
Raj Kumar ဟာ ဒေလီမြို့တော်အနောက်ဘက်က ပျံကျရပ်ကွက်တခုမှာ နေထိုင်တဲ့ သုံးဘီးကား မောင်းသူတဦးပါ။ ပြီးခဲ့တဲ့နှစ်က သူဟာ ဂျူံနဲ့သကြားတို့လို အစားအစာတွေ အစား တလကို ဒေါ်လာ ၂၀ လောက် ရခဲ့ပါတယ်။ ဆင်းရဲသားတွေ ကို စားနပ်ရိက္ခာတွေ ထောက်ပံ့တဲ့နေရာမှာ ငွေကြေးနဲ့ အစားထိုးပေးတဲ့ စမ်းသပ်အစီအစဉ်တခုရဲ့ တစိတ်တပိုင်းအဖြစ် အဲဒီ ငွေကို သူရခဲ့တာပါ။ သူကတော့ ဝမ်းသာ ပျော်ရွှင်ခဲ့ပါတယ်။
အစိုးရဆိုင်ကနေ ပေးတဲ့ ဂျူံဟာ မကြာခန ဆိုသလိုပဲ ညံ့ဖျင်းလွန်းပြီး တခါတခါဆိုရင် တိရိစ္ဆာန်တွေတောင်မှ စားဖို့မသင့်ဘူးလို့ Raj Kumar က ပြောပါတယ်။
သူ့လက်ထဲမှာ ငွေရှိတယ်ဆိုတော့ ပိုပြီးကောင်းတဲ့ အစားအစာကို သူ့ဖာသာ ဝယ်နိုင်တယ်လို့ ဆိုပါတယ်။ တချို့အချိန်တွေမှာ ဆိုင်မှာ ရိက္ခာမရှိတဲ့အတွက် သူ ဘယ်တော့မှ ရိက္ခာခွဲတမ်းကို မရဘူးလို့ ကူးမားကပြောပါတယ်။
ရိက္ခာဝေပေးတဲ့ အစီအစဉ်ဟာ ဆယ်စုနှစ် ငါးခုလောက် ကြာနေပြီဖြစ်တဲ့ ခွဲတမ်း အစီအစဉ်တခုရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ အဲဒီအစီအစဉ်အရ ဒေါ်လာဘီလီယမ်ပေါင်း များစွာတန်တဲ့ စားနပ်ရိက္ခာတွေကို ဆင်းရဲသားတွေအတွက် လျာထားပေးတာပါ။ ဒါဟာ အများပြည်သူအတွက် ခွဲတမ်းချပေးတဲ့ ကမ္ဘာ့အကြီးဆုံး စားနပ်ရိက္ခာဖြန့်ဝေတဲ့ အစီအစဉ်ဖြစ်ပါတယ်။
လူတွေရဲ့ ဝင်ငွေ ပေါ်မူတည်ပြီး ခွဲတမ်းတွေကို အခမဲ့ ဒါမှမဟုတ် အစိုးရက မျှဝေကျခံပေးတဲ့ နှုန်းနဲ့ ဝေပေးပါတယ်။ ကုန်ကျစရိတ် စုစုပေါင်းက တော့ ပြီးခဲ့တဲ့နှစ်ကဆိုရင် ဒေါ်လာ ၁၀ ဘီလီယံလောက် ရှိခဲ့ပါတယ်။
ဒါပေမဲ့လည်း လာဘ်စားတာတွေနဲ့ အလေအလွင့်တွေကြောင့် ဒီအစီအစဉ်ဟာ ထိခိုက်ရပါတယ်။ အကျင့်ပျက်ခြစားတဲ့ တာဝန် ရှိသူတွေက စားနပ်ရိက္ခာ အများအပြားကို ခိုးထုတ်ပြီး ကုန်သည်တွေဆီ ဈေးကွက်ပေါက်ဈေးနဲ့ ပြန်ရောင်းစားကြတယ်ဆိုတာ ကို တရားလွှတ်တော်ချုပ်နဲ့ သတင်းဌာနအသီးသီးက စုံစမ်းဖော်ထုတ်တာတွေကနေ တွေ့ရှိခဲ့ပါတယ်။
ပြဿနာရဲ့ပမာဏက ကြီးမားတယ်ဆိုတာကို အစိုးရရဲ့ အချက်အလက်တွေက ပြနေတယ်လို့ တရားလွှတ်တော်ချုပ် ကော်မရှင်နာတဦးဖြစ်တဲ့ နာရင်ဒရာ ဆက်က်ဆ်ဆီနာ (Narendra Saxena) က ပြောပါတယ်။
“စီမံကိန်းကော်မရှင်ရဲ့ လေ့လာချက်တွေအရ စားနပ်ရိက္ခာရဲ့ ၅၈% လောက်ဟာ တကယ်ခံစားရစေဖို့ ရည်ရွယ် တဲ့ ဆင်းရဲသားတွေဆီ မရောက်ဘူးဆိုတာ တွေ့ရပါတယ်။ ဘီဟာလို ပြည်နယ်မျိုးမှာဆိုရင် သိပ်ကိုဆိုးပါတယ်။ ပြည်နယ် အဆင့်မှာ အကျင့်ပျက်ခြစားတာတွေက အလွန်အကျွံကို ဖြစ်နေတာပါ။ စားနပ်ရိက္ခာခွဲတမ်းကဒ်ပြား ၅၀% ကို ဆင်းရဲသား မဟုတ်တဲ့လူတွေကို ပေးနေပါတယ်။”
ခိုးကြတဲ့ပုံက သိပ်ရိုးစင်းပါတယ်လို့ သူကပြောပါတယ်။ စားနပ်ရိက္ခာရဖို့ နာမည်တုတွေကို သုံးတာ ဒါမှမဟုတ် ခွဲတမ်း မရသင့် တဲ့လူတွေရဲ့ နာမည်တွေကို စာရင်းသွင်းလိုက်တာပါပဲ။
ဒီ ကြီးမားတဲ့ အလွဲသုံးစားလုပ်မှုကြီးကို လျှော့ချဖို့အတွက် စားနပ်ရိက္ခာနဲ့ တခြားခွဲတမ်းအမျိုးမျိုး ဖြန့်ဖြူးတဲ့အစီအစဉ်ကို အစိုးရ က အားလုံး ပြောင်းပစ်ချင်တာပါ။
နည်းလမ်းကတော့ အိန္ဒိယနိုင်ငံသား အားလုံးအတွက် စက်နဲ့ စစ်ဆေးအတည်ပြုနိုင်တဲ့ မှတ်ပုံတင်နံပါတ်တွေ ထုတ်ပေးတာပါပဲ။ ဒီအစီအစဉ်ကို ပြည်နယ်ရှစ်ခုမှာ ရှေ့ပြေးစီမံကိန်းအဖြစ် စမ်းသပ်နေပြီး မှတ်ပုံတင် ကဒ်ပြားထဲမှာ ထည့်ထားတဲ့ နံပါတ်တွေကို သုံးပြီးတော့ ထောက်ပံ့ငွေကို တိုက်ရိုက် လွှဲပြောင်းပေးပါတယ်။
အိန္ဒိယနိုင်ငံသား သန်း ၂၀၀ မှာ အဲဒီနံပါတ်တွေ ရှိနေပါပြီ။ ဒီအစီအစဉ်က ဆင်းရဲသားတွေကို ကူညီဖို့ ကြိုးပမ်းမှုတွေကို အထောက်အကူဖြစ်စေမယ်လို့ ဝန်ကြီးချုပ် မန်းမိုဟန် ဆင်းဂ်က မကြာသေးခင်ကပဲ ပြောခဲ့ပါတယ်။
တကယ် ရရမယ့်လူ အစစ်အမှန်က ထောက်ပံ့ငွေကိုရပြီး ကြားကလူတွေ ပျောက်သွားအောင် ဒီ မှတ်ပုံတင်နံပါတ်တွေက လုပ်ပေးလိမ့် မယ်လို့ ဝန်ကြီးချုပ် ဆင်းဂ်က ပြောပါတယ်။ ဒါဟာ အလွဲသုံးစားလုပ်မှုနဲ့ တိုင်ကြားတဲ့အရေအတွက် ကို လျှော့ချပေးလိမ့်မယ်လို့ သူကဆိုပါတယ်။
ငွေကို တိုက်ရိုက်လွှဲပြောင်းပေးတာက ခိုးယူတာကို လျှော့ချပေးလိမ့်မယ်ဆိုတာကို ကျွမ်းကျင်သူတွေက သဘောတူပါတယ်။ ဒါပေမဲ့လည်း ဒီလိုလုပ်တာကြောင့် ပြဿနာကို ဖြေရှင်းနိုင်မှာတော့ မဟုတ်ဘူးလို့ ပြောကြပါတယ်။ ဆင်းရဲသား အများအပြား၊ အထူးသဖြင့် ငတ်မွတ်ခေါင်းပါးတဲ့ဒဏ်ကို ပိုပြီးခံစားနေရတဲ့ ဝေးလံတဲ့ ကျေးလက်ဒေသတွေက လူတွေဟာ ဘဏ်စာရင်း မရှိ ကြဘူးဆိုတာကို သူတို့က ထောက်ပြတာပါ။
စာရင်းထဲမှာ နာမည်တုတွေပါမလာစေဖို့ လျှပ်စစ်နည်းပညာနဲ့ လုပ်ထားတဲ့ ဒီကဒ်ပြားတွေက အထောက်အကူ ဖြစ်ကောင်း ဖြစ်မယ်လို့ Narendra Saxena က ပြောပါတယ်။ ဒါပေမဲ့ ဒီ စားနပ်ရိက္ခာခွဲတမ်းအစီအစဉ်မှာ တကယ့်စိန်ခေါ်မှုကတော့ တကယ် ရသင့်တဲ့လူတွေက ဘယ်သူတွေဆိုတာကို သိဖို့ပဲဖြစ်တယ်လို့ သူကပြောပါတယ်။
“ကဒ်ပြားတခုခု ထုတ်ပေးတာမျိုးနဲ့ မှတ်ပုံတင် လုပ်လို့မရပါဘူး။ လူ ၁၀၀ မှာ အယောက် ၃၀ ကိုပဲ ရွေးထုတ် ပြီးတော့ အဲဒီ လူ ၃၀ ကိုလည်း အစိုးရဌာနဆိုင်ရာတခုခုက ရွေးရတာပါ။ အဲဒီမှာ ပြဿနာအခြေတည်တာပါပဲ။ ဒါကြောင့် ငွေကြေး အထောက်အပံ့ ပေးတယ်ဆိုရင်တောင်မှ တကယ်တမ်း မရသင့်တဲ့လူတွေလက်ထဲ ရောက်သွားပါလိမ့်မယ်။ အဆင်းရဲ လူတွေမှာက ခွဲတမ်းကဒ်ပြားလည်း မရှိဘူး၊ မှတ်ပုံတင်လည်းမရှိဘူး ဘာမှကို မရှိပါဘူး။”
ဆင်းရဲသားမိသားစုတွေအတွက် ပေးတဲ့ငွေကို မိသားစုဝင်တချို့က တလွဲသုံးပြီး အရက်သောက်တာ ဒါမှမဟုတ် လောင်းကစား ပစ်တာမျိုးတွေဖြစ်မှာကို စိုးရိမ်ကြတာတွေလည်း ရှိပါတယ်။
စားနပ်ရိက္ခာခွဲတမ်းအစား ငွေသားကိုပဲ ယူမယ်ဆိုတဲ့လူတွေထဲမှာ Dev Das နဲ့ သူ့ရဲ့ဇနီးဖြစ်သူ Seema တို့လည်း ပါပါတယ်။ ငွေလွဲှပေးတဲ့အစီအစဉ်ကို စမ်းလုပ်နေတဲ့ နယူးဒေလီမြို့တော်က ကျူးကျော်ရပ်ကွက်တခုမှာ သူတို့နေကြတာပါ။ Das in Hindi: သူတို့ရတဲ့ငွေကို အကြွေးဆပ်တာနဲ့ တခြားပေးစရာရှိတာတွေ ပေးတဲ့နေရာမှာ သုံးတယ်လို့ Dev Das က ဟိန္ဒိူဘာသာ စကားနဲ့ ပြောတာပါ။ စားနပ်ရိက္ခာခွဲတမ်း ရတဲ့အခါကျတော့ ပိုစားဖြစ်တာပဲရှိတယ်လို့ ဆိုပါတယ်။
Kerala နဲ့ Chattisgarh တို့လို ပြည်နယ်တွေဟာ တခြားပြည်နယ်တွေနဲ့ နှိုင်းယဉ်ရင် အလွဲသုံးစားလုပ်တာကို နှိမ်နင်းတာမှာ တိုးတက်မှုရနေပြီးတော့ စားနပ်ရိက္ခာခွဲတမ်းအစီအစဉ်ကို ပို ထိထိရောက်ရောက် လုပ်နေနိုင်တယ်လို့ ကျွမ်းကျင်သူတချို့က ထောက်ပြပါတယ်။
တခြားပြည်နယ်တွေအနေနဲ့လည်း အောင်မြင်တဲ့ပြည်နယ်တွေရဲ့ နမူနာအတိုင်း လိုက်လုပ်သင့်ပြီး တိုင်းပြည်ကို ဒုက္ခပေးနေတဲ့ ငတ်မွတ်ခေါင်းပါးမှုကို တားဆီးနိုင်ရေး စားနပ်ရိက္ခာဖြန့်ဝေတာကို တိုးတက်အောင်လုပ်သင့်တယ်လို့ အကြံပေးကြပါတယ် ဆိုတာကိုတင်ပြရင်း ဒီသီတင်းပတ်အတွက် စီးပွားရေးအစီအစဉ်ကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။