သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရောက် အိန္ဒိယနွယ်ဖွါးတွေ ဝန်ကြီးချုပ်သစ် Modi နဲ့ တွေ့ဆုံ


အိန္ဒိယဝန်ကြီးချုပ် မိုဒီ နယူးယောက်မြို့က Madison ရင်ပြင်မှာ အိန္ဒိယနွယ်ဘွား အမေရိကန်များနဲ့ တွေ့ဆုံစဉ်။ (စက်တင်ဘာ ၂၈၊ ၂၀၁၄)
အိန္ဒိယဝန်ကြီးချုပ် မိုဒီ နယူးယောက်မြို့က Madison ရင်ပြင်မှာ အိန္ဒိယနွယ်ဘွား အမေရိကန်များနဲ့ တွေ့ဆုံစဉ်။ (စက်တင်ဘာ ၂၈၊ ၂၀၁၄)

အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ အိန္ဒိယ ဝန်ကြီးချုပ်သစ် Narendra Modi ဟာ တနင်္ဂနွေနေ့က နယူးယောက်ခ်မြို့က Madison Square Garden ခန်းမကြီးထဲမှာ အမေရိကန်ရောက် အိန္ဒိယ လူမျိုးတွေကိုတွေ့ဆုံခဲ့ပါတယ်။ ပရိတ်သတ် ၁ သောင်း ၈ ထောင်ကျော် လာရောက်တဲ့ပွဲမှာ ဝန်ကြီးချုပ် မိုဒီက မိန့်ခွန်းပြောခဲ့တာမှာ အိန္ဒိယလူမျိုးတွေ မျက်နှာပျက်စရာဖြစ်အောင် သူ့အစိုးရအနေနဲ့ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့ အာမခံပြောသွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ မျှော်လင့်ချက်တွေတက်နေကြသလို စိတ်အားထက်သန်နေကြချိန်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မစ္စတာ Modi ရဲ့ ရုပ်ပုံပါတဲ့ အကျီ ၤတွေ ဝတ်ထားကြတဲ့ အိန္ဒိယနွယ်ဖွားတွေက သူမိန့်ခွန်းပြောနေစဉ် လက်ခုပ်လက်ဝါးတီးပြီး အားပေးခဲ့ကြပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ်ဟာ ဒီကနေ့ တနင်္လာနေ့မှာတော့ Washington DC ကို ၂ ရက်ကြာခရီးဆက်မှာဖြစ်ပြီး ဒီမှာ သမ္မတ Barack Obama နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ မေလရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူ မစ္စတာ Modi ဟာ သူ့ရဲ့မွေးရပ် Gujarat ပြည်နယ်မှာ ၂၀၀၂ ခုနှစ်က ဖြစ်ခဲ့တဲ့ ဘာသာရေးအကြမ်းဖက် ပဋိပက္ခတခုမှာ ပတ်သက်နေတယ်လို့ စွပ်စွဲခံရတဲ့အတွက် ၂၀၀၅ ခုနှစ်တုန်းက အမေရိကန်ပြည်ဝင်ခွင့် ငြင်းပယ်ခံခဲ့ရဖူးပြီး အခုမှ အမေရိကန်က မစ္စတာ မိုဒီကို အမေရိကန်ကို ပြည်ဝင်ခွင့်ပြန်ပေးခဲ့တာပါ။

အိန္ဒိယ ခေါင်းဆောင်တယောက် အိန္ဒိယနွယ်ဘွားအမေရိကန်တွေနဲ့ နယူးယောက်ခ်မြို့မှာ တွေ့ဆုံမှုဟာ အိန္ဒိယနိုင်ငံရဲ့ ဒီမိုကရေစီကျင့်သုံးမှုကို အောင်ပွဲခံရာ ရောက်သလို အမေရိကန်မှာ နေထိုင်နေကြတဲ့ အိန္ဒိယ လူမျိုး ၂ သန်းအတွက် အောင်ပွဲခံရာလည်း ရောက်တယ်လို့ တနင်္ဂနွေနေ့က တွေ့ဆုံပွဲလာသူတယောက်က ပြောပါတယ်။

XS
SM
MD
LG