အိန္ဒိယဝန်ကြီးချုပ်မန်မိုဟန်ဆင်းဟာ ရုရှားနဲ့တရုတ်နိုင်ငံကို ၄ ရက်ကြာ ချစ်ကြည်ရေးခရီး ထွက်နေပါတယ်။ အိန္ဒိယက ရုရှားနဲ့တရုတ်နိုင်ငံ ၂ နိုင်စလုံးနဲ့ ကုန်သွယ်မှုဆက်ဆံရေးခိုင်မာအောင်နဲ့ တရုတ်နဲ့ နယ်စပ်ဒေသ အငြင်းပွား မှုကိုပြေလည်အောင်ဆွေးနွေးဖို့ ရည်ရွယ်တဲ့ခရီးစဉ် ဖြစ်ပါတယ်။
ဒါ့အပြင် စွမ်းအင်အလုံအလောက်ရရှိရေး၊ ကာကွယ်ရေးနဲ့ တခြားစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ဝန်ကြီးချုပ်မန်မိုဟန်ဆင်းရဲ့ ဒီခရီးစဉ်အတွင်း ဆွေးနွေးဖို့ရှိပါတယ်။
ဝန်ကြီးချုပ်မန်မိုဟန်ဆင်းဟာ ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ ဒီကနေ့ တနင်္လာနေ့မှာတွေ့ဆုံပြီး လက်နက်အရောင်းအဝယ်ကိစ္စ အာရုံစိုက်ပြောဆိုကြမှာ ဖြစ်ပါတယ်။ အိန္ဒိယစစ်တပ်ကို ခေတ်မီလက်နက်တွေ တပ်ဆင်ရေးအတွက် ရုရှားနိုင်ငံက ဒေါ်လာသန်းထောင်နဲ့ ချီတဲ့ စစ်လက်နက် ပစ္စည်းတွေ ရောင်းချပေးနေတာဖြစ်ပါတယ်။
မစ္စတာဆင်းဟာ ရုရှားနိုင်ငံကနေ တရုတ်နိုင်ငံကို အင်္ဂါနေ့မှာထွက်ခွာဖို့ရှိပါတယ်။ ဒီခရီးစဉ်မှာ ဟိမဝန္တာတောင်တန်းဒေသရှိ ၂ နိုင်ငံအကြား ၁၀ စုနှစ်နဲ့ချီ ပိုင်နက်အငြင်းပွားနေတဲ့ပြဿနာကိုလည်းဆွေးနွေးမှာ ဖြစ်ပါတယ်။