သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှု ဆန့်ကျင်ရေး အိန္ဒိယမှာ အစာငတ်ခံ ဆန္ဒပြမည်


အဂတိလိုက်စားမှု ဆန့်ကျင်ရေး အိန္ဒိယမှာ အစာငတ်ခံ ဆန္ဒပြမည်
အဂတိလိုက်စားမှု ဆန့်ကျင်ရေး အိန္ဒိယမှာ အစာငတ်ခံ ဆန္ဒပြမည်

အိန္ဒိယနိုင်ငံမှာ သောကြာနေ့ကျရင် လူအများအပြား ပါဝင်တဲ့ အစာငတ်ခံ ဆန္ဒပြပွဲကြီး တခုကို လုပ်ဖို့ ထိပ်တန်း လှုပ်ရှားသူ တယောက်က စီစဉ်နေပါတယ်။

အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးဆိုင်ရာ ပိုပြီး တင်းကျပ်တဲ့ ဥပဒေတရပ် ပြဋ္ဌာန်းပေးဖို့ တောင်းဆိုတဲ့ အနေနဲ့ အဲဒီ အစာငတ်ခံ ဆန္ဒပြပွဲကို လုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး ဒီလှုပ်ရှားမှုဟာ တနိုင်ငံလုံးမှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပြီးပါပြီ။

အန်နာ ဟာဇာရေး (Anna Hazare) ဟာ ထောင်ထဲကနေထွက်ပြီး နယူးဒေလီမြို့က လူ ၂၅,၀၀၀ ဆန့်တဲ့ ဟင်းလင်းပြင်မှာ ၁၅ ရက်ကြာ လူထုဆန္ဒပြပွဲ လုပ်ဖို့ကိစ္စ ရဲတပ်ဖွဲ့နဲ့ သဘောတူညီချက် တရပ်ကို ကြာသပတေးနေ့က ရခဲ့ပါတယ်။

အသက် ၇၄ နှစ်အရွယ် အန်နာ ဟာဇာရေးရဲ့ လှုပ်ရှားမှုကို ထောက်ခံကြောင်း ပြသဖို့အတွက် မကြာသေးခင် ရက်တွေအတွင်း နယူးဒေလီ၊ မွမ်ဘိုင်းနဲ့ အိန္ဒိယနိုင်ငံရဲ့ တခြားမြို့ကြီးတွေမှာ ထောင်ပေါင်းများစွာသော လူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ လူထု အစာငတ်ခံ ဆန္ဒပြပွဲကြီး မဖြစ်အောင် ပိတ်ပင်ဖို့ ကြိုးစားတဲ့ အနေနဲ့ ဟာဇာရေးကို အင်္ဂါနေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဟာဇာရေးက သူ့ကို ထိန်းသိမ်းထားတဲ့ နယူးဒေလီမြို့တော်က တီဟာ အကျဉ်းထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြပွဲ ဆက်လုပ်ခဲ့ပြီး သူ့ကိုထောက်ခံသူ ရာပေါင်းများစွာဟာလည်း အကျဉ်းထောင် ပြင်ပမှာ စုဝေးခဲ့ကြပါတယ်။ အစာမစားတာ ၂ ရက်ကြာခဲ့ပေမဲ့ သူ့ရဲ့ ကျန်းမာရေး ကောင်းပါတယ်လို့ ကြာသပတေးနေ့က အင်တာနက်ပေါ် တင်ထားတဲ့ ဗွီဒီယိုထဲမှာ ဟာဇာရေးက ပြောထားပါတယ်။

XS
SM
MD
LG